BEC-TERO TV

သူများခြေထောက်တွေပါ တက်နင်း ခုန်ခွပြီး ရှေ့ဆုံးကို ရောက်သွားတဲ့ အဆိုတော် AR-T

26 Jun 2017     1,223 Views


(အောက်ဆုံးတွင်ဗီဒီယိုဖိုင်ပါသည်)

ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့  Britney Spears Live in Bangkok 2017ဖျော်ဖြေပွဲကို အဆိုတော် Ar-T ကအခုလိုပဲအားပေးခဲ့ကြောင်းနဲ့ သူမပရိသတ်တစ်ဦးဖြစ်တယ်လို့ အခုလိုပဲဝန်ခံလိုက်ပါတယ်။ဒါ့အပြင်ဖျော်ဖြေပွဲမှာ အားပေးချက်ကလည်း ဒီလိုပါပဲတဲ့...

" Britney ထွက်လာတော့ ဒူးတွေ ဆက်ဆက် ဆက်ဆက်တုန်ပြီး မူးလာတာ ။ ရင်ထဲမှာ ဆို့နေတာ ။ မူးပြီး မျက်လုံးတွေပြာသွားတယ် ။ စိတ်ကိုမနည်းပြန်ထိန်းရတယ် ။ ချစ်လာရတာ အားပေးလာရတာ ၁၈ နှစ်ရှိပြီ Britney ရေ ။ ခု ရှေ့ဆုံးတန်းကနေ ကိုယ်ကြိုက်တဲ့ Idol နဲ့ ကိုယ်ကြိုက်တဲ့ Dancer တွေရဲ့ နာမည်တွေကို သူတို့ကြားအောင်အော်ခွင့်ရခဲ့တယ် ။ တကယ့် Britney Army စစ်စစ်တွေနဲ့ သီချင်းတိုင်းကို အသံကွဲအောင် အော်ခွင့်ဆိုရခဲ့တယ် ။ ၁နာရီကျော်စာ set list ကို ကြားထဲ မှာ အဝတ်လဲချိန် ၂ မိနစ် စီယူပြီး ဆက်တိုက်ဖျော်ဖြေသွားတာ လက်လန်တယ် ။ ပါးစပ်အဟောင်းသားနဲ့ အားပေးရတာမို့ video တောင်သိပ်မရိုက်ဖြစ်ဘူး ။ တစ်ဝကြီးကို လိုက်ကြည့်ပြီးအားပေးခဲ့တယ် ။ သူ့ဘဝ အတက်အကျ အနိမ့်အမြင့် တွေ သူဒုက္ခရောက်နေတဲ့ ၂၀၀၇ ခုနှစ်ကဆို နေ့တိုင်း Paparazzi video တွေလိုက်ရှာပြီးကြည့် စိတ်ပူပေးခဲ့ရတယ် သူပြန်ကြိုစားပြီး ပြန်အောင်မြင်လာတော့လည်း ဝမ်းသာဂုဏ်ယူရတာအမော ။ ဘဝကို အရှုံးမပေးဖို့ အတုယူစရာတွေ သင်ပေးခဲ့တယ် ။ ဟူး ... ထပ်ဆုံချင်ပါသေးတယ် ။ လက်မှတ်ရအောင် ဝယ်ပေးတဲ့ FOREVER GROUP နဲ့ BEC MYANMAR ကိုဒီနေရာကနေ ကျေးဇူးအများကြီးတင်ပါတယ် ။ ပွဲစပြီဆိုတာနဲ့ ကျနော့်နေရာ vip ခုံ ၅ တန်းမြောက်ကနေ ဘလိုလုပ်ပြီး ရှေ့ဆုံးထိပ်ဆုံးရောက်အောင် ခုန်ကျော်သွားလည်း မမှတ်မိတော့ဘူး ။ သူများခြေထောက်တွေပါ တက်နင်း ခုန်ခွပြီး ရှေ့ဆုံးကို ရောက်သွားတာ ။ am i dreaming ? I love u Britney ..." လို့  အဆိုတော် AR-T က သူ့ဖေ့စ်ဘွတ်ပေ့ခ်ျမှာအခုလိုပဲရေးတင်ထားတာပါ။

Source:AR-T


26 Jun 2017     1,223 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS