BEC-TERO TV

အဝတ်အစားအတိုအပြတ်ဝတ်လို့ ဘတ်စ်ကားပေါ်မှာ ပါးရိုက်ခံခဲ့ရတဲ့ မိန်းကလေး

26 Jun 2017     1,603 Views


လူတစ်ဦးနှင့်တစ်ဦး ကိုးကွယ်ဆည်းကပ်ရာ၊ ယုံကြည်ရာ ဘာသာတရားခြင်း မတူညီကြသော်လည်း တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်လေးစားမှုနှင့် အခြေခံလူ့အခွင့်အရေးတွေကိုတော့ ချိုးဖောက်ဖို့ မသင့်တော်ပါဘူး။
 
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က ဘတ်စ်ကားတစ်စီးပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦးကို ဘတ်စ်ကားရဲ့ အနောက်ဖက်နားမှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦးက ကားပေါ်က ဆင်းကာနီးမှာ ပါးရိုက်ပြီး ဆင်းသွားခဲ့ပါတယ်။
 
ကျောင်းသူအမျိုးသမီးက နောက်ကနေချက်ခြင်းလိုက်လံ လက်တုံ့ပြန်ခဲ့ပေမယ့် စောင့်တွန်းချကာ ထွက်ပြေးသွားခဲ့ပါတယ်။ ပါးရိုက်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ အစ္စလာမ်ဘာဘာဝင်တို့၏ ဥပုဒ်လအတွင်းမှာ အဝတ်အစားအတိုအပြတ်တွေ ဝတ်ဆင်ထားတဲ့အတွက် “ဥပုဒ်လမှာ နင်က ဒီလိုအတိုအပြတ်တွေ ဝတ်ထားတာ အၕှက်မရှိဘူးလား..?” ဟု ပြောဆိုကာ ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။
 
နောက်ထပ် သုံးရက်အကြာတွင် ထိုသူအား ရဲအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
 

26 Jun 2017     1,603 Views




RELATED

Most Popular of Special or Others

Most Popular of NEWS