BEC-TERO TV

ရက်တိုမိတ်ကပ် သင်တန်း ဖွင့်မယ့် အဆိုတော်သဇင်

26 Jun 2017     1,674 Views


အဆိုတော် သရုပ်ဆောင် သဇင်ဟာ အနုပညာ လှုပ်ရှားမှုတွေဝေးကွာနေပေမယ့်  မိတ်ကပ် ရက်တို သင်တန်းဖွင့်ဖို့ ရှိတယ်လို့ သိရပါတယ် ။ ရန်ကုန်ပြန်ရောက်မယ့် ဇာလိုင်လ အတွင်းမှာဖွင့်မယ်လို့ ပြောထားပါတယ် ။

“ဇူလိုင်လထဲမှာ ပရိတ်သတ်တွေမျှော်လင့်နေတဲ့ မိတ်ကပ်သင်တန်း ရန်ကုန်ပြန်မယ့်တလအတွင်းမှာဖွင့်ပါ့မယ်။ သဇင်တက်ရောက်သင်ယူခဲ့တဲ့ ( Wa Academy Make up & Hair School Australia ) က သင်ပေးတဲ့ အတိုင်း ပြန်လည်သင်ပေးသွားမှာပါ ။ နှစ်ရက်ကြာ သင်တန်းမှာ Personal Makeup Class ရယ် ၊ သင်တန်းမှာ Daily Makeup အခြေခံလိမ်းနည်းတွေကနေ ပွဲတက် မိတ်ကပ်ကို စနစ်တကျ ကိုယ်တိုင်လိမ်းတက်အောင်အထိ အဆင့်ဆင့်သေချာသင်ပေးသွားမှာပါ ။ မိတ်ကပ်လိမ်းနည်း အခြေခံတွေကအစ သိသင့်တဲ့လိုအပ်မယ့် အသားအရေ ထိန်းသိမ်းနည်း ( Skin care ) တွေက အစ သေချာရှင်းပြပေးမှာပါ ။ အလှအပ မိတ်ကပ်နဲ့ ပတ်သတ်ပြီး အခြေခံမရှိသေးသူတွေလည်း တက်ရောက်နိုင်ပါတယ်” ဆိုပြီး ပြောထားပါတယ် ။

မိတ်ကပ်သင်တန်းကြေးကတော့ ၁၃၀၀၀၀ ဖြစ်ပြီး သင်တန်းတွင်းလိုအပ်မယ့် မိတ်ကပ်ပစ္စည်းအစုံကို သင်တန်းမှာ ထားရှိပေးမှာ ဖြစ်ပြီး Brush သန့်ရှင်းမှု အတွက်သင်တန်းသူတစ်ဦးချင်း သီးသန့်အသုံးပြု နိုင်အောင် Brush Set တစ်ယောက်တစ်စုံစီ ၊ sponge တစ်ယောက်တခုစီ သင်တန်းက လက်ဆောင်ပေးသွားမှာလဲ ဖြစ်ပါတယ်။

ရက်တိုသင်တန်းက ဇူလိုင်လ ၂၂ ရက်ကနေ ၂၃ ရက်အထိဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သွားမှာလဲဖြစ်တယ်လို့ သိရပါတယ် ။ တက်ရောက်ချင်သူတွေ အတွက်လည်း ဖုန်းနံပါတ်တွေကို ဖော်ပြပေးလိုက်ရပါတယ် ။ ၉၅၉၉၇၀၇၈၆ ၁၆၀ ၊ ၀၉-၉၆၇၇၅၅၂၀၅ တို့ပဲ ဖြစ်ပါတယ် ။ 

Credit: modern


26 Jun 2017     1,674 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment