BEC-TERO TV

စက်လှေကားစီးစဉ် (၄)လသားကလေးငယ် အဖွားလက်မှလွတ်ကျကာသေဆုံး

26 Jun 2017     1,344 Views


တရုပ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ကုန်တိုက်တစ်ခု၏ စက်လှေကားတွင် ချီပိုးထားသော အသက်(၄)လ အရွယ်ကလေးငယ်တစ်ဦး လွတ်ကျကာ သေးဆုံးသွားခဲ့သော တုန်လှုပ်ခြောက်ခြားစရာ အဖြစ်ပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်။
 
ရှန်ဟိုင်းမြို့ရှိ Wu Yue Plaza ၏ သုံးလွှာစက်လှေကားတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ စီစီတီဗီ ဗီဒီယိုအရ မြေးဖြစ်သူ အနှီးထုတ်နှင့် လသားကလေးလေးကို ချီထာသော အမျိုးသမီးကြီးတစ်ဦးနှင့်အတူ သူ၏သမီးဖြစ်သူနှင့် နောက်ထပ် လမ်းလျှောက်တက်ကာစ မြေးမလေးတို့ ကုတ်တိုက်ရှိ အဆင်းစက်လှေကားနားသို့ လျှောက်လာခဲ့ကြသည်။
 
အမျိုးသမီးကြီးက လသားကလေးလေးကို ဘယ်ဘက်လက်က ချီထားပြီး ညာဘက်လက်က စက်လှေကားလက်ရမ်းကို ကိုင်ပြီး လှေကားထစ်များပေါ် ခြေထောက်လှမ်းချလိုက်စဉ် ဟန်ချက်ပျက်သွားကာ လက်ရမ်းပေါ်အားလွန်သွားစဉ် လက်ထဲတွင် ချီထားသော ကလေးမှာ စက်လှေကားကြားမှ အောက်ထပ်သို့ ပြုတ်ကျသွားခဲ့သည်။
 
နောက်ဖက်မှ ကလေး၏ မိခင်ဖြစ်သူက ထိတ်လန့်သွားပြီး စက်လှေကားပေါ်မှ ကလေးဆီသို့ ဒရောသောပါးဆင်းသွားစဉ် လမ်းလျှောက်တတ်ကာစ ကလေးလေးမှာလည်း ခြေချော်လဲကာ အောက်ထပ်သို့ စက်လှေကားနှင့်အတူ ဝမ်းလျှားမှောက်ပါသွားခဲ့သည်ကို သွေးပျက်ဖွယ် မြင်တွေ့ခဲ့ရသည်။
 
နောက်ဆက်တွဲသတင်းများအရ လသားကလေးကို ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း နာရီပိုင်းအကြာမှာပင် ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်ကို ရဲများက ဆက်လက်စစ်ဆေးရာတွင် စက်လှေကားမှာ “power saving mode” ဟုခေါ်သည့် လူတက်လာမှ ရွေ့လျားသည့်စနစ်ကို အသုံးပြုထားသဖြင့် ရပ်နေရာမှ ရုတ်တရက် လှုပ်သွားချိန်တွင် ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ အခြားကလေး တစ်ဦးမှာမူ စက်လှေကားမှ ဝမ်းလျားမှောက်ကျခဲ့သော်လည်း ထိခိုက်ဒဏ်ရာ မရခဲ့ပေ။
 

26 Jun 2017     1,344 Views




RELATED

Most Popular of Special or Others

Most Popular of NEWS