BEC-TERO TV

ငွေလိမ်မယ်လို့သတိပေးထားတဲ့ ငွေချေးလုပ်ငန်း(အရမ်းအရေးကြီးတယ်၊သတိပြုကြပါ)

27 Jun 2017     1,622 Views


လက်တလောအွန်လိုင်းမှာ လူစိတ်ဝင်စားမှုများနေတဲ့ ငွေချေးလုပ်ငန်းကိစ္စကို လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက အခုလိုပဲသတိပေးလိုက်ပါပြီ။ဒါက အရမ်းအရေးကြီးပါတယ်။"သတိပြုသင့်တယ်လို့အများသိစေဖို့ Share ပေးခြင်းနဲ့ ကူညီပေးကြပါ"

"ဂျင်း​တွေထည့်​​နေတယ်

M.SEC ​အွန်​လိုင်း​ငွေ​ချေးလုပ်​ငန်းဆိုပြီး တစ်​သိန်းကို တစ်​နှစ်​အပ်​ရင်​ အရင်းအပြင်​အတိုး ၄၈၀၀၀၀ ရမယ်​ဆိုပြီး လိမ်​​နေတယ်​။

အဲဒီအွန်​လိုင်း​ငွေစု​ငွေ​ချေးကို မြန်​မာနိုင်​ငံမှာ ဘယ်​တုန်းကမှ ခွင့်​ပြုမထားဘူး။

ခင်​ဗျားတို့ ​လောဘတက်​ပြီး ​ငွေထည့်​တာနဲ့ အလိမ်​ခံရပြီပဲ။

သူက က​မ္ဘောဇဘဏ်​နဲ့ ချိတ်​ထားသ​ယောင်​​ရေးထားတယ်​။ လိမ်​တာပါ။ က​မ္ဘောဇအ​နေနဲ့ သူ့အ​ကောင့်​ကို MFIU (မြန်​မာနိုင်ငံ​ငွေ​ကြေးစုံစမ်း​ရေးတပ်​ဖွဲ့) ဆီ သတင်းပို့သင့်​ပါတယ်။။

အောက်​က သူ့မူရင်းအတိုး​ပေးမယ့်​ မက်​လုံးပို့စ်ပါ။

(မှတ်​ချက်​ ။သူ​ပေးထားတဲ့ M.SEC ဟာ အစိုးရပိုင်​ ဖက်​စပ်​ပိုင်​Myannar Stock and Exchange Centre (MSEC) ကိုထင်​​ယောင်​ထင်​မှား အင်​ထုထားပါတယ်​။

အစိုးရပိုင်​ MSEC ကို မြန်မာ ဘက် က မြန်မာ့ စီပွားရေးဘဏ် (MEB) နဲ့ ဂျပန် က ဒိုင်ဝါ ကုမ္ပဏီ တို့ ဖက်စပ် ထားတဲ့ အဖွဲ့ အစည်း ဖြစ်​ပြီး လက်​ရှိမှာ YSX အတွက်​ Securities လုပ်​ငန်း​တွေ လုပ်​​နေပါတယ်​။ M.SEC ကို ​ထောင်​တဲ့သူဟာ ​ငွေ​ကြေး​လောကက ဖြစ်​ဖို့ အ​သေအချာပါ။)

M.SEC [ငွေတိုး]

(၁) ၁ သိန်း ကျပ်အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) (တစ်နှစ်အတွက် ၄၈၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၄သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
(၂) ၂ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၇၂၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၆ သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
(၃) ၃ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၉၆၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၈ သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
(၄) ၄ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၁,၂၀၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၁သိန်းကျပ် ထုတ်ယူနိုင်ပါသည်။
(၅) ၅ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၁,၄၄၀,၀၀၀ MMK ) ၁ လပြည့်တိုင်း တစ်သိန်း၂သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
(၆) ၁၀ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၂,၈၈၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၂သိန်း၎သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
(၇) ၂၀ သိန်း ကျပ် အပ်နှံပါက ၁နှစ်စာ(၁၂ လတိတိ) ( တစ်နှစ်အတွက် ၅,၇၆၀,၀၀၀ MMK ) ၁ လပြည့်တိုင်း ၄သိန်း၈သောင်းကျပ် ထုတ်ယူနိုင်ပါသည်။
ငွေတိုး ရင်းနှီးထည့်သွင်းသူတစ်ယောက်အတွက် အထက်ပါ နှုန်းထားများအား တစ်နှစ်စာအတွက်သာ ရရှိနိုင်မှာဖြစ်ပါတယ်။"

Source:Phyo Wai Win

 

 

 


27 Jun 2017     1,622 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS