ရည်းစားကရိုက်လို့ သေဆုံးခဲ့ရသည့် ၁၉ နှစ်အရွယ်ကိုယ်ဝန်ဆောင် မိန်းကလေး
27 Jun 2017 1,714 Views

အသက် ၁၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် မိန်းကလေးတစ်ဦး ရည်းစား၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါသေဆုံးမှုတွင် သံသယရှိသူအဖြစ် စွပ်စွဲခံထားရသည့် သူမရဲ့ရည်းစားဖြစ်သူ Carl Asehan ဆိုသူဟာ တိမ်းရှောင်လျှက်ရှိပါတယ်။

အသက် ၁၉ နှစ်အရွယ် Ancy ဆိုသည့် အမျိုးသမီးနှင့် Carl Asehan ဆိုသူတို့မှာ အတူနေချစ်သူရည်စားများဖြစ်ကြပြီး Alabang မြို့က ကွန်ဒိုတိုက်ခန်းတစ်ခုမှာ အတူနေထိုင်ကြပါတယ်။

Carl Asehan ဆိုသူက အလုပ်လက်မဲ့ဖြစ်ပြီး Ancy က Call Center မှာ အလုပ်ဝင်ရောက်လုပ်ကိုင်နေတဲ့ ကိစ္စနဲ့ ပက်သက်ပြီး စတင် စကားများကြရာမှ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲသည်အချိန်မှာ Ancy ဟာ ကိုယ်ဝန် ၅ လ လွယ်ထားရပြီဖြစ်ပါတယ်။










