BEC-TERO TV

ငွေဖြည့်နိုင်မယ့် ဖုန်းငွေဖြည့်စနစ်သစ် MPT စတင်ထုတ်​လုပ်​(သတိပြုဖတ်သင့်တယ်နော်)

27 Jun 2017     1,270 Views


QR ကုတ်ဖတ်ပြီး ငွေဖြည့်နိုင်မယ့် ဖုန်းငွေဖြည့်စနစ်သစ် MPT စတင်ထုတ်​လုပ်​လိုက်ကြောင်းသိရှိရပါတယ်။ အဆိုပါငွေဖြည့်ကတ်တွေမှာ မူလခဲခြစ်ငွေဖြည့်နံပါတ်တွေ ဆက်လက်ထားရှိမှာဖြစ်ပြီး အသုံးပြုသူတွေ အနေနဲ့ ငွေဖြည့်သွင်းခြင်းကို အလျင်အမြန် လုပ်ဆောင်ချင်တယ်ဆိုရင် QR ကုတ်ကိုဖတ်ပြီး ငွေဖြည့်လို့ရအောင် လုပ်ထားတာဖြစ်ပါတယ်။ အဲဒီစနစ်ကို အသုံးပြုနိုင်ဖို့အတွက် QR Scanner function ပါဝင်တဲ့ MPT4U မိုဘိုင်း application ရယူထားဖို့လိုအပ်မှာဖြစ်ကြောင်းသိရှိရပါတယ်။

MPT4U app ကို Google Play (သို့မဟုတ်) Apple App Stores တို့မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ QR ကုတ်စနစ်နဲ့ ငွေဖြည့်သွင်းနိုင်မယ့်အဆင့်တွေက ဒီလိုပါ။ အရင်ဆုံး မိမိရဲ့ဖုန်းပေါ်မှာရှိတဲ့ MPT4U မိုဘိုင်း Application ကို ဖွင့်ရမှာဖြစ်ပါတယ်။ Application ပေါ်က menu ခလုတ်ကိုနှိပ်ပြီးငွေဖြည့်သွင်းမည်ဆိုတာကို ရွေးချယ်ရပါမယ်၊ ပြီးရင် QR ကုတ်ပုံကို နှိပ်ပြီး QR Scanner Function ကို ၀င်ရောက်ရမှာဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ ငွေဖြည့်ကတ်မှာပါရှိတဲ့ ခဲခြစ်ထားတဲ့ QR ကုတ်နေရာကို Scan ဖတ်ပြီးတဲ့နောက် အတည်ပြုကြောင်းစာတို လက်ခံကို ရရှိမှာဖြစ်ပါတယ်။

Source: MPT

 


27 Jun 2017     1,270 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS