BEC-TERO TV

တရားခံမပေါ်ဘဲ ရက်စက်စွာအသတ်ခံရတဲ့ ဆယ်ကျော်သက် စုံတွဲ

27 Jun 2017     1,496 Views


ပြီးခဲ့တဲ့ (၂၄.၆.၂၀၁၇) ရက်နေ့က ကချင်ပြည်နယ်က စုံတွဲတစ်တွဲ ရက်ရက်စက်စက်သတ်ဖြတ်ခံရကာ ပစ္စည်းလုယုခံရကြောင်း သိရှိရပါတယ်။မိုးညှင်းမြို့ မှာပဲမနေ့က(၂၆.၆.၂၀၁၇)ရက်နေ့က သဂြိုလ်ပါတယ်။သူ့အတွက် ၀မ်းနည်းစာရေးတဲ့ "မင်း မေတ္တာ" အကောင့်က တင်ထားမှုကိုတိုက်ရိုက်ဖော်ပြလိုက်ပါတယ်။

"24-6-2017 ကချင်ပြည်နယ်မိုးညှင်းမြို့ နောင်စွန်းရပ်ကွက်နေ ဒုတိယနှစ်ကျောင်းသူ အသက် ၂၀ မအေးစုမွန်အား
လုယက်ပီးဆွဲးကြိုးနားကပ်ဟမ်းဖုန်းဆိုင်ကယ်လုယူ၍ကောင်လေးရောကောင်မလေးကိုပါရက်ရက်ဆက်ဆက်သွားကြပီထွက်ပြေးသွားကြပါတယ်အထူးဝမ်းနည်းမိပါတယ်
ဘာကြောင့်များ ဒီအဖြစ်ဆိုးမျိုးနဲ့ကြုံ တွေ့ရတာလဲညီမလေးလိုစိတ်ထားဖြူ စဉ်တဲ့မိန်းခလေး ပရဟိတအလုပ်ဆိုနေရာမရွေးဘူးမိုးညှင်းမြို့မှာ လုပ်နေသမျှ ပရဟိတအများအကျိုးးကိုညီမလေးမပါဝင်တဲ့နေရာမရှိဘူး လူနာတွေကိုညီမလေးသွေးနဲ့ အသက်ဆက်ဖို့လဲလက်မနှေးဘူး ဒီလိုမိန်းခလေးကိုမှ အဖြစ်ဆိုးမျိုးနဲ့ကြုံရတယ်လို့ ဒီလမ်းကိုမည်သူမဆိုသွားရမှာမှန်ပေမဲ့အကြွေစောသွားရတဲ့ညီမငယ်လေး သေတာတောင်ကို့မြို့ ကို့ဒေသကစုံတွဲတွေကို သံဝေဂ အတုယူစရာအဖြစ်နဲ့ပေးဆပ်သွားရရှာပါလား ညီမနဲ့အကို့ပရဟိတအဖွဲ့တွေ တက်ညီလက်ညီ နဲ့ မူးရစ်ဆေးဝါးကို အသိပညာပေးခြင်တယ်ဆို ညီမလေးရယ် ဘဝဆက်တိုင်းဆက်တိုက်းမှာဒီအဖြစ်မျိုးနောက်မကြုံပါစေနဲ့
ညီမလုပ်ခဲ့သောပရဟိတအလုပ်မှန်သမျှ အများကောင်းကျိုးးကိုသယ်ဖိုးခဲ့တဲ့ကုသိုလ်မှန်သမျှ အစုစုတို့ကြောင့်
ညီမလေးကောင်းရာဘုံဘဝမှာ ရောက်ရှိပါစေဘဝဆက်တိုင်းဒီလိုအဖြစ်မျိုးးဘယ်သောအခါမှမကြုံတွေ့မကြားမိပါစေနဲ့
နှလုံးလှမေတ္တာသွေးလှူ အသင်းပရဟိတအဖွဲ့များမှ
အထူးပင်ဝမ်းနည်းမိပါကြောင်း
"

 

Source: မင်း မေတ္တာ


27 Jun 2017     1,496 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS