BEC-TERO TV

တိုကျိုမြို့မှာတရားဟောနေတဲ့ဦးပဇင်းဦးကိတ္တိသာရ(ဦးကျော်ဟိန်း) ပြောင်းလဲသွားပုံ

27 Jun 2017     1,266 Views


မနေ့ညကဂျပန်နိုင်ငံတိုကျိုမြို့မှာတရားဟောနေတဲ့ဦးပဇင်းဦးကိတ္တိသာရ(ဦးကျော်ဟိန်း)ရဲ့တရားကိုfbပေါ်ကနေliveလွှင့်နေတာကိုဖွင့်ကြည့်ရင်း နာယူနေမိတယ်။

ရဟန်းပြုကာစတုန်းကအခြေအနေတွေနဲ့လုံးဝမတူတော့ဘဲပြောင်းလဲသွားတာကိုဦပဉ္ဇင်းဟောချက်တွေက သက်သေပြနေပါတယ်။ရဟန်းဝါ (၁၀)ဝါအတွင်းမှာ အကျင့်ဘက်ကိုဘယ်လောက်တန်ဖိုးထားကျင့်ကြံခဲ့သလဲဆိုတာ
ရွေးချယ်လိုက်တဲ့စကားလုံးတွေနဲ့ အသံနေအသံထားကတဆင့်အဖြေထုတ်နိုင်ပါတယ်။

တရားနာယူရင်း ကြည်နူးကျေနပ် အားကျစိတ်နဲ့အတူ၁၉၉၆ခုနှစ်တုန်းက အတူလက်တွဲရိုက်ခဲဖူးကြတဲ့
"ဝေလည်းမွှေး ကြွေလည်းမွှေး" ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းတွေဆီစိတ်ရောက်သွားမိပြန်ပါသေးတယ်။

ရိုက်ကွင်းမှာငြင်းရခုန်ရ အပြန်အလှန်နားလည်မှုယူခဲ့ကြတာတွေဟာ ဦးကျော်ဟိန်းအတွက်အဲဒီနှစ် ဇာတ်ပို့အကယ်ဒမီရစေခဲ့လို့အကယ်ဒမီပွဲမှာကြည်နူးဝမ်းမြောက်နေတဲ့ဦးကျော်ဟိန်းရဲ့ပုံရိပ်တွေကိုလည်းပြန်မြင်ယောင်မိပါတယ်။

အဲဒီဇာတ်ကားရိုက်ခဲ့ပြီးနှစ်အတော်ကြာတော့ ဦးကျော်ဟိန်းကသာသနာ့ဘောင်ထဲရောက် တင့်တင့်ထွန်းက သီလရှင်ဘဝကိုအပြီးတိုင်ကူးပြောင်း ဒွေး (သားကြီး)က အရွယ်ကောင်းတုန်းအောင်မြင်တုန်းမှာ ဘဝတစ်ပါးကူးပြောင်း
ကိုယ်က ရုပ်ရှင်တွေသီချင်းတွေကိုကျောခိုင်းပြီးဓမ္မရိပ်ကိုခိုလှုံကူးပြောင်းနဲ့ ပြောင်းလဲလိုက်ကြတာအမျိုးစုံပါပဲ။

ဟိုတုန်းက ကိုယ်ရေးခဲ့တဲ့ဇာတ်ညွှန်းကို သရုပ်ဆောင်ခဲ့တဲ့ဦးကျော်ဟိန်းဟာ အခုတော့ ဦးကိတ္တိသာရဘဝနဲ့ကိုယ့်ကို ဓမ္မစကားတွေနဲ့ အဆုံးအမပေးနေချေပြီကော။

တရားနာရင် မှတ်စုစာအုပ်လေးဘေးချပြီးLecture လိုက်သလိုရေးမှတ်လေ့ရှိတဲ့ကိုယ့်အတွက်
ဦးကိတ္တိသာရရဲ့ဟောချက်တွေထဲက ကိုယ်ကြိုက်လို့လိုက်မှတ်ထားတာလေးတွေမျှဝေပါရစေ။

(အသေးစိတ်သိချင်ရင်တော့ youtube မှာVideo fileရှိလိမ့်မယ်ထင်ပါတယ်။)

လူတစ်ယောက်ကိုပဲ အကြာကြီးအားကိုးနေတော့မှာလား။ကိုယ့်ကိုယ်ကို အားကိုးရင်မရဘူးလား။

အရာရာဟာ ခဏလေးပါ။ပျက်တာမြန်လွန်းလို့ကိုယ်မသိလိုက်တာ။ဘယ်ဥစ္စာမှ အကြာကြီးမဟုတ်ဘူး။

မရှိတော့တာကို မရှိတော့ဘူးလို့ တကယ်သိအောင်ထိုးထွင်းပြီးသိအောင်လုပ်။

Nothing is permanent.

သေရင်အကြာကြီးအိပ်ရမယ်။ဒါကြောင့်တရားအားထုတ်ဖို့အတွက် အအိပ်လျှော့။

အာရုံက အာရုံအတိုင်းနေရင်ပြဿနာမရှိ။စိတ်ကနှလုံးသွင်းလိုက်မှပြဿနာကစတာ။

တရားခံအစစ်က' မသိတာ'။

တရားရှာပေးခဲ့တဲ့ဘုရားကိုအားနာပါ။

အာရုံကို ခိုင်းတတ်ရင်သက်သာတယ်။

စင်ပေါ်တက်ပြီ ဆိုကတည်းက သေချာတဲ့စကားကိုပဲပြောချင်တယ်။

အားလုံးကျန်းမာချမ်းသာကြပါစေ။

Source:  မြသန်းစံ
၂၅.၆.၂၀၁၇။


27 Jun 2017     1,266 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS