BEC-TERO TV

အာရှတိုက်ဂုဏ်ကို မြင့်တင်စေတဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ဇာတ်ကားသစ်

27 Jun 2017     1,365 Views


အာရှတိုက်ဂုဏ်ကို မြင့်တင်စေတဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ The Foreigner (2017 film) ဇာတ်ကားသစ်ကတော့ ၂၁ရာစုမှာ ကြည့်ဖို့အကောင်းဆုံးအာရှသရုပ်ဆောင်ပါ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်မယ်လို့ Admin က ကြော်ငြာအမြည်းမှာတင် လက်ခံလိုက်ပါပြီး။ဒါရိုက်တာက Criminal Law (1988),Defenseless (1991),No Escape (1994),GoldenEye (1995) ,The Mask of Zorro (1998),Vertical Limit (2000),Beyond Borders (2003),The Legend of Zorro (2005),Casino Royale (2006),Edge of Darkness (2010) နဲ့ Green Lantern (2011) အစရှိတဲ့ဇာတ်ကောင်းတွေကိုရိုက်ခူးခဲ့တယ်ဆိုတော့ဒီဇာတ်ကားကိုယုံကြည့်လိုက်တော့ပါ။တွဲဖက်သရုပ်ဆောင်မင်းသားကြီးက ဂျိန်းစ်ဘွန်းဇာတ်ဆောင်ဟောင်းကြီး အိုင်းရစ်သရုပ်ဆောင် Pierce Brosnan ဆိုမှာတော့ သေချာပြီးလေ ဇာတ်ရှိန်ကတော့ မြင့်လာတော့မှာပါ။

ဇာတ်လမ်းအကျဉ်းက အိုင်းရစ်ဗုံးဖောက်ခွဲသူရဲ့အကြမ်းဖက်တိုက်ခိုက်မှုအတွင်းသမီးကိုဆုံးရှုံးသွားတဲ့ဂျန်ကီချန်တစ်ယောက် ကိုယ်ပိုင်အစွမ်းအစနဲ့ ပြန်လည်ကလဲ့စားချေစစ်ဆင်ရေးကို အကောင်အထည်ဖော်ဆောင်မှုတွေကို အချိန်ပြည့်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပါ။

၂၀၁၇စက်တင်ဘာမှာတရုတ်မှာစတင်ပြသပေမယ့်အမေရိကန်မှာတော့အောက်တိုဘာမှာပြမှာပါ။စောင့်ကြည့်ကြရအောင်


27 Jun 2017     1,365 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS