BEC-TERO TV

ပြည့်တန်ဆာအဖြစ်အတင်းအကြပ်စေခိုင်းခံရပြီးတစ်နေ့လျင်ငွေကျပ်၁၀၀၀သာရရှိတဲ့မိန်းကလေးဖြစ်ရပ်

28 Jun 2017     1,370 Views


ပြည့်တန်ဆာအဖြစ်အတင်းအကြပ်စေခိုင်းပြီးငွေကြေးခေါင်းပုံဖြတ်သူများကိုဖမ်းဆီးရမိအရေးယူခဲ့တဲ့သတင်းပါ။ဖြစ်စဉ်ကတော့ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁နာရီအချိန်တွင် မင်္ဂလာဒုံမြို့မရဲစခန်းတွင်ရောက်ရှိနေသည့်ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်းခံရသူ မ-----ကို အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(ရန်ကုန်)မှ တပ်ဖွဲ့ဝင်များက မေးမြန်းခဲ့ရာ ၎င်းသည် မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အထည့်ချုပ်စက်ရုံ၌ အလုပ်ဆင်းစဉ် စက်မချုပ်တတ်သဖြင့် ပြန်လွှတ်လိုက်ရာ
တစ်ရပ်ကွက်တည်းနေ မခိုင်စံပယ်၊ မမြင့်မိုရ်တို့နှင့် တွေ့ဆုံစဉ် ၎င်းတို့နှစ်ဦးမှ ထောက်ကြန့်ရှိအထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ပါက ကြိုတင်ငွေလိုသလောက်ထုတ်၍ရကြောင်းပြောဆိုသဖြင့်လိုက်ပါသွားခဲ့ကြောင်း၊ ၎င်းနောက် ဆိုင်ကယ်ကယ်ရီမောင်းသူ ဆံရှည်(ခ)ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းနှင့် တွေ့ဆုံပေးပြီး ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ပါက ငွေလိုသလောက် ထုတ်ပေးမည်ဖြစ်ကြောင်းပြောဆိုစည်းရုံးသဖြင့် လက်ခံခဲ့ကာ ၎င်းနေအိမ်သို့ လိုက်ပါသွားခဲ့ကြောင်း၊ ထို့ နောက် ဆံရှည်(ခ)ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းမှ တည်းခိုးခန်းများသို့ပို့ဆောင်၍ ပြည့်တန်ဆာ အဖြစ်စေခိုင်းခဲ့ရာ
တစ်နေ့လျင်ငွေကျပ် ၁၀၀၀သာရရှိကြောင်း၊ အဆိုပါနေအိမ်တွင် အခြားပြည့်တန်ဆာ မိန်းကလေးများနှင့်အတူ နေထိုင်ရပြီး ထွက်ပြေးပါကရိုက်နှက်သဖြင့် ထွက်မပြေးရဲခဲ့ကြောင်းနှင့် ဆံရှည်(ခ)ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းမှလည်း အလိုမတူဘဲသားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ဇွန်လ၁၁ ရက်နေ့တွင်ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန်ပို့ဆောင်စဉ် မိခင်နှင့်တွေ့ရှိသဖြင့်နေအိမ်သို့လိုက်ပါသွားခဲ့ကြောင်း သိရှိရ၍ ယင်းသို့ ရပ်တည်ရန်ခက်ခဲ့သည့်အခြေအနေအပေါ် အခွင့်ကောင်းယူကာ ရရှိသော အကျိုးအမြတ်များကိုခေါင်းပုံဖြတ်သူ ဆံရှည်(ခ)ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းပါ၃ ဦးတို့အား အရေးယူပေးရန် တိုင်တန်းချက်အရ မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၇၆၃/၂၀၁၇၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ဖြင့် အမှုဖွင့်ကာပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ရဲအကူတပ်ဖွဲ့ ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ၎င်းတို့သည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွာသစ်ကျေးရွာတွင်နေထိုင်ခြင်းမရှိဘဲ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့သို့ ထွက်ပြေး တိမ်းရှောင်နေကြောင်းသိရှိရသဖြင့် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ပခုက္ကူမြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များနှင့်ချိတ်ဆက်၍ သွားရောက်ဖမ်းဆီးခဲ့ရာဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဆံရှည်(ခ) ဇော်ရှင်း(ခ)ဟန်ဇော်ရှင်းနှင့် ခိုင်စံပယ်ဦးတို့နှစ်ဦးအား ပခုက္ကူမြို့၊ (၆)ရပ်ကွက်၊ လမ်းမတော် လမ်းမကြီးနှင့် (၁၂)လမ်းထောင့်မှ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ မေလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ခိုင်စံပယ်ဦးနှင့်မြင့်မိုရ် (စုံစမ်း ဆဲ)တို့သည် အထည်ချုပ်စက်ရုံမှပြန်လာသူတစ်ရပ်ကွက်တည်းနေမ----နှင့်တွေဆုံစဉ်ထောက်ကြန့်အထည်ချုပ်စက်ရုံတွင်လုပ်ကိုင်မည်ဆိုပါက ကြိုတင်ငွေလိုသလောက်ထုတ်ယူနိုင်ကြောင်းပြောဆိုစည်းရုံးကာပြည့်တန်ဆာခေါင်းလုပ်ကိုင်သူဆံရှည်(ခ)ဇော်ရှိန်း(ခ)ဟန်ဇော်ရှင်းနှင့်တွေ့ဆုံပေးပြီး ပြည့်တန်ဆာအဖြစ်စေခိုင်းခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပါသည်။ပေါ်ပေါက်ချက်များအရဆံရှည်(ခ)ဇော်ရှိန်း(ခ)ဟန်ဇော်ရှင်းနှင့် ခိုင်စံပယ်တို့နှစ်ဦးအား အမှုဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး လွတ်မြောက်နေသူ မြင့်မိုရ်အားဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: Yangon Police.

 


28 Jun 2017     1,370 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS