BEC-TERO TV

ဟောင်ကောင်လေဆိပ်အတွင်း ခေါက်ဆွဲပြုတ်စားခဲ့ကြသည့် တရုပ်ခရီးသွားအုပ်စု(ရုပ်/သံ)

28 Jun 2017     1,596 Views


ဇွန်လအစောပိုင်းက တရုပ်ပြည်မှ ခရီးသွားအုပ်စုတစ်စု ဟောင်ကောင်လေဆိပ်အတွင်း လေယာဉ်စောင့်နေစဉ် လျှပ်စစ်ရေနွေးအိုး အသုံးပြုကာ ပျော်ပျော်ပါးပါး ခေါက်ဆွဲပြုတ်များ ပြုတ်စားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ဗီဒီယိုရိုက်ထားကာ မကျေမနပ်ပြောဆိုဝေဖန်ခဲ့သည်။

 

ဇွန်လ ကဟောင်ကောင်လေဆိပ်၏ ထွက်ခွာခန်းမဆောင်အတွင်း အမျိုးသမီးအုပ်စု တစ်ခုက ထိုင်ခုံများပေါ်တွင် ရေနွေးအိုးတည်ကာ ခေါက်ဆွဲပြုတ်စားနေခဲ့ကြသည်ကို ဗီဒီယိုထဲတွင် မြင်တွေ့ခဲ့ရသည်။
မျက်မြင်သက်သေ၏ အဆိုအရ အခြားခရီးသွားများကို လုံးဝအရေးမစိုက်ပဲ မိနစ်၄၀ နီးပါးခန့် ဝိုင်းဖွဲ့ကာ စားသောက်ခဲ့ကြကြောင်း အဆိုပါ လုပ်ရပ်သည် လေဆိပ်စည်းကမ်းကို ချိုးဖောက်ခြင်းဖြစ်သကဲ့သို့ လေဆိပ်ခန်းမဆောင်ကို အလွဲသုံးစားပြုလုပ်ရာရောက်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် စားသောက်ခဲ့ကြပြီးနောက် ပြန်လည်သန့်ရှင်းလေး လုပ်ပေးသွားကြောင်းကိုလည်း ထည့်ပြောခဲ့သည်။
 
ဟောင်ကောင်လေဆိပ်ထဲတွင် မီးပလပ်အသုံးပြုနိုင်သည့် မီးခုံပေါင်း ၁,၀၀၀ တပ်ဆင်ပေးထားပြီး ခရီးဆောင်ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများ အားသွင်းဖို့သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း လေဆိပ်အာဏာပိုင်များက ပြောဆိုခဲ့သည်။ အကယ်၍ လွဲမှားစွာ အသုံးပြုနေသည်ကို တွေ့ရှိပါက ချက်ချင်းအသုံးပြုနေတာကို ရပ်ဆိုင်းခိုင်းပြီး လိုက်နာခြင်းမရှိပါက ဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ တစ်သောင်းနှင့် ထောင်ဒဏ် ၃ လ ကျခံရမည်ဖြစ်သည်။

 

ယခုကဲ့သို့ လေဆိပ်တွင်း ချက်ပြုတ်စားသောက်ခြင်းသည် ဟောင်ကောင်လေဆိပ်အတွက် ပထမအကြိမ်မဟုတ်တော့ပဲ ၂၀၁၅ ခုနှစ်ကလည်း စင်ကာပူမှပြန်လာသော ရွေ့ပြောင်းအလုပ်သမားတစ်ဦး လေယာဉ်မမီတော့ပဲ လေဆိပ်ထဲတွင် သောင်တင်နေချိန်၌ ထမင်းအိုးတည်ကာ ချက်စားခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ဖူးသေးသည်။
 

28 Jun 2017     1,596 Views




RELATED

Most Popular of Special or Others

Most Popular of NEWS