BEC-TERO TV

ဒုမြို့နယ်တရားသူကြီးတစ်ဦး သေဆုံးခဲ့တဲ့ ခြောက်ခြားဖွယ်မှုခင်း

28 Jun 2017     1,338 Views


ဝေါမြို့နယ်၊ဒုမြို့နယ်တရားသူကြီးတစ်ဦးယာဉ်မတော်တဆမှုဖြစ်ပွား၍သေဆုံးခဲ့ကြောင်းသိရှိရသည်။ဖြစ်စဉ်မှာပဲခူးတိုင်းဒေသကြီးဝေါမြို့နယ်၊မြို့ဝင်ကြေးဂိတ်အနီးတွင်၂၇.၆.၂၀၁၇ ည(၁၀)နာရီဝန်းကျင်တွင်ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ်ပွားခဲ့ပြီးဆိုင်ကယ်မောင်းနှင်လာသူဦးသီဟလွင်(ဝေါမြို့နယ်၊ဒုတိယမြို့မယ်တရားသူကြီး)အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်းသိရှိရသည်။

ဘုရားကြီးမြို့ဝေါမြို့နယ်ဘက်သို့ဦးသီဟလွင်အသက်(၂၈)နှစ်၊ဝေါမြို့နယ်တရားရုံးဝန်ထမ်းအိမ်ယာနေသူမောင်းနှင်လာသည့်၃၀ယ/၂၉၄၇၇စကော်ပီအမျိုးအစားအနက်ရောင်ဆိုင်ကယ်နှင့်သထုံမြို့ဘက်မှဘုရားကြီးမြို့ဘက်သို့ဦးသန်းထွန်း၊အောက်ကျင်းရပ်ကွက်သထုံမြို့နေသူမေင်းနှင်လာသည့်6K/8558FUSOအမျိုးအစား(၁၂)ဘီးယာဉ်တိုရန်ကုန်မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ်(၇၀/၀နှင့်၇၀/၁)ကြားတွင့်တိုက်မိခြင်းဖြစ်သည်။

 

၎င်းယာဉ်မတော်တဆမှုနှင့်ပက်သက်၍ဝေါမြို့မရဲစခန်းမှယာဉ်အားမဆင်မခြင်မောင်းနှင်သူဦးသီဟလွင်(သေဆုံး)နှင့်ဦးသန်းထွန်းတို့အားယာဉ်(ပ)၃၃/၂၀၁၇၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က/၃၃၈ တို့ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းဆက်လက်သိရှိရသည်။

Source : Waw Media


28 Jun 2017     1,338 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS