BEC-TERO TV

ပြန်ကြားရေးဝန်ကြီးဌာန၊ကဗျာများရှင် မအေးသောင်းနဲ့ ဒီမနက်ဂယက်

28 Jun 2017     1,299 Views


အေးဝတ်ရည်သောင်းနဲ့ အင်တာဗျူးကို တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြပြီးခဲ့တဲ့နောက် ပြန်ကြားရေးဝန်ကြီးဌာနလည်း ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်းလက်ရှိမှာတော့အဆိုပါ Post ဖော်ပြချက်ကို ပြန်လည်ဖြုတ်ချလိုက်ပါပြီး။နိုင်ငံရေးသတင်းတွေ၊ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ သတင်းမျိုးတွေကိုသာ တင်လေ့ရှိပြီး အစိုးရရဲ့ဝန်ကြီးဌာနတွေထဲကတစ်ခုဖြစ်တဲ့ပြန်ကြားရေးဝန်ကြီးဌာနကတော့ပုံမှန်အားဖြင့်အခုလိုသတင်းမျိုးတွေတင်လေ့မရှိပါဘူး။

လက်တလောလူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အေးသောင်း လို့နာမည်ကြီးနေတဲ့ အေးဝတ်ရည်သောင်းဟာ သူမရဲ့ မြန်မာဆန်ဆန်အလှတွေနဲ့ ကဗျာအနုပညာရှင်တွေရဲ့အပြည့်အ၀အားပေးမှုကြောင့် ပရိသတ်တွေကြား "အေးသောင်းခေတ်"ဆိုပြီးစိတ်ဝင်စားမှုကိုအများအပြားရရှိထားသူတစ်ယောက်ပါ။

ဒီနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာပါဝင်တဲ့ “အေးသောင်း သို့မဟုတ် ပြန်လည်ဖြစ်တည်လာတဲ့ အေးဝတ်ရည်သောင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာဗျူးကို တင်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ပေ့ခ်ျမှာ ဒီလို အကြောင်းအရာမျိုး တင်သင့်ရဲ့လားလို့ စာဖတ်သူတွေက မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။

Source: လူမှုကွန်ရက်စာမျက်နှာများ


28 Jun 2017     1,299 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS