BEC-TERO TV

ကဗျာများရှင် မအေးသောင်းရဲ့ အချစ်ရေး (အသဲတွေကွဲကုန်ပြီးမမရယ်...)

28 Jun 2017     1,619 Views


လူမှုကွန်ရက်စာမျက်နှာတွေမှာ ကဗျာများပိုင်ရှင်အဖြစ် ထင်ရှားလာတဲ့ မအေးသောင်း တစ်ဖြစ်လဲ အေးဝတ်ရည်သောင်း ရဲ့ အချစ်ရေးကတော့ ဒီလိုပါပဲ....

" အချစ်ရေးက အေးဆေးပါ။ဒီအရွယ်မှာ လူတိုင်းတော့ ချစ်သူ ရှိကြတာ ချည်းပါပဲ။ပရိသတ်ကို ကိုယ့်ချစ်သူကို ထုတ်ပြတယ်၊ မပြဘူး ဆိုတာက ချစ်သူ မို့လို့ပါ။ကိုယ့်အမျိုးသား ကိုယ့်ယောက်ျား ဆိုရင်တော့ ပရိသတ်ကို ချပြလိုက်တာ ပြဿနာမရှိဘူးလေ။ချစ်သူကို ဘာလို့  မချပြတာလဲဆိုရင် ကိုယ့်ချစ်သူက ဘယ်သူဘယ်ဝါဆိုပြီး ချပြလိုက်ရင် သူ့အတွက်လည်း မကောင်းဘူး။ကိုယ့်အတွက်လည်း မကောင်းဘူးလေ။ချစ်သူတိုင်းက လက်ထပ်ဖြစ်ချင်မှ လက်ထပ်ဖြစ်တာလေ။ကံ ဆိုတာ ရှိသေးတာကြောင့် လက်မထပ်ဖြစ်ရင် သူ့အနာဂတ်အတွက်လည်း မကောင်းဘူး။မိန်းကလေး တစ်ယောက် ဖြစ်တဲ့ ကိုယ့်အနာဂတ်အတွက်လည်း မကောင်းဘူးလေ။ အဲဒါကြောင့် ရည်းစားကို လူအများရှေ့မှာ ဘယ်သူဘယ်ဝါဆိုပြီး ချပြပြီး တွဲသွားတွဲလာ မလုပ်ဖြစ်ပါဘူး '' လို့ မအေးသောင်း က အချစ်ရေးနဲ့ ပတ်သက်လို့ သူ့အယူအဆ ကို ဆိုပါတယ်။


(ပရိသတ်တစ်ယောက်က မအေးသောင်းအတွက်ရေးထားတဲ့ကဗျာလေးဖော်ပြပေးလိုက်ပါတယ်။)

**ဒီနေ့အတွက် မအေးသောင်***

ကျနော် မအေးသောင်းကို
ဝန်းရံတယ်ဆိုတာက စည်းလွတ်ဝါးလွတ်
ဘေးလွတ် နံလွတ်မဟုတ်ပါဖူးးး

လတ်တလော hot ဖြစ်နေတဲ့
မအေးသောင်းပုံလေးတွေက
မြန်မာဆန်ဆန် ရိုးတယ်..ယဉ်တယ်...
ကျက်သရေရှိတယ်...

ဒီလို မိန်းမတစ်ယောက်ရဲ့ အလှတရားကို
သဘာဝတရားကျကျ
ယောက်ျားလေးတွေက ခံစားကြည့်ကြတာ
ဖြစ်ရိုးဖြစ်စဉ်မို့
အမှန်တရားတစ်ခုကို
ထုဆစ်ကြည့်ရတာ
ရှက်စရာလို့ လည်း ကျနော် မထင်...

ကျနော် ဟန်မဆောင်တတ်ပါဖူး မအေးသောင်းးး
စနစ်ပြောင်းဖို့ ခေတ်ကောင်းဖို့
မအေးသောင်း ကူညီနိုင်ကောင်းပါရဲ့လေ...

ယောက်ျားလေးတွေ ပါးစပ်ဖျားက မအေးသောင်း
မိန်းကလေးတွေ ပါးစပ်ဖျားအထိ ကူးပြောင်းပါစေ...

မရှေးမနှောင်းမှာပဲ နောက်ထပ် နောက်ထပ်
မအေးသောင်း လေးတွေ ပေါ်ပေါက်ပါစေ...

ကျော်ကြားမှုတွေကြားမှာ မဝံ့ကြွား
မယိမ်းသွားအောင်းတော့ သတိထားပါ
မအေးသောင်းးး

ကျနော်ကတော့ ခုလောလောဆယ်
မအေးသောင်း မှ မအေးသောင်းးပဲ မအေးသောင်းးး


Ref - Mi Media


28 Jun 2017     1,619 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS