ပတ်ထရစ်ရှာနဲ့နိုင်ငံခြားသားတစ်ဦးရဲ့ ဓာတ်ပုံကိစ္စ ပတ်ထရစ်ရှာ ပြောပြီ
28 Jun 2017 4,308 Views

"တကယ့်ပရိသတ်အစစ်ဆိုတာအနုပညာကိုပဲအားပေးတာဝေဖန်တာတစ်ခြားလူမှုရေးကိစ္စတွေပါပုတ်ခတ်မနေဘူးရည်းစားလေးထားမိပါတယ် ပုတ်ခတ်ကြတာမြင်မကောင်းဘူး လူမျိုးရေးတွေပါလာပြီ " လို့စူးရှနိုင် (ပက်ထရစ်ရှာ)က ဆိုလိုက်ပါတယ်။



မကြာသေးခင်က ထွက်ပေါ်လာတဲ့ ပုံတွေနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေကစိတ်ဝင်စားနေပါတယ်။ပုံအရတော့ လူအချို့ကဝေဖန်နေကြပေမယ့် ပရိသတ်တွေကတော့ ဆက်လက်အားပေးနေဆဲပါ။ရှာရှာလို့ပရိသတ်တွေက အမြတ်တနိုးခေါ်တဲ့ စူးရှနိုင်က သူခံစားချက်ကိုအခုလိုပဲပြောပါတယ်။




"ဟုတ်ပါတယ် celebrity လည်း human being ပဲ လူတွေထဲကလူပါပဲ
အပြင်လူတွေလိုပဲလုပ်ပိုင်ခွင့်ရှိတယ်ကိုယ့်ဘာသာကိုယ် shopping ထွက်တာတောင်မလွတ်လပ်တော့တဲ့ဘဝဖြစ်နေပြီ အောက်တန်းစားဆန်ဆန်ဓာတ်ပုံခိုးရိုက်တဲ့လူကရိုက်တယ် သတင်းပို့တယ် တင်တဲ့လူကလည်းပြန်တင်ပြီးဖွတယ် ဒါတော်တော်ကိုအောက်တန်းကျပြီးစည်းမရှိကမ်းမရှိနိုင်လွန်းပါတယ်သူတို့မှာ သူများကိုယ်ပိုင်လွပ်လပ်ခွင့် privacy ကိုဝင်ရောက်စွက်ဖက်ဖို့ right မရှိဘူးပရိသတ်အမည်ခံ မျက်နှာဖုံးစွပ်ထားတဲ့ တဏာစိတ်နဲ့ယောင်္ကျားတွေကိုလည်းအံ့သြမိတယ် ရည်းစားထားတာနဲ့ပဲချက်ချင်းဆိုသလို အားမပေးတော့ဘူး မကြိုက်တော့ဘူး ရွံတယ် follow or see first ပြန်ဖြုတ်တယ် ပြောရအောင် ရိုင်းရိုင်းပြောရင် ရှာရှာကသူတို့မယားလည်းမဟုတ်ဘူး အခုသူတို့ဖြစ်နေကြတဲ့ပုံစံတွေက သူတို့မယားနောက်လင်ငယ်ရသွားတဲ့ပုံစံတွေလာလုပ်ပြနေတယ်
မင်းသမီးတစ်ယောက်ကိုအားပေးတာ သူ့အနုပညာကိုမဟုတ်ဘူးလား? ဒီနိုင်ငံမှာအနုပညာသမားဖြစ်ရတာလည်း ရည်းစားထားတာတို့ အိမ်ထောင်ပြုတာတို့ဆိုမလွယ်ဘူး"
.jpg)
လက်ရှိမှာတော့မင်းသမီးချောလေးစူးရှနိုင်က အနုပညာအလုပ်တွေဆက်လက်လုပ်ဆောင်နေပါတယ်။
Source: စူးရှနိုင်ဖေ့စ်ဘွတ်







