BEC-TERO TV

သံလမ်းပိတ် သံတံခါးရုတ်တရက် ပြုတ်ကာ ဆိုင်ကယ်နင့်တိုက်မိပြီး လူသေဆုံးမှုဖြစ်ပွား

29 Jun 2017     1,359 Views


ဘုရားကြီးမြို့မှ အမြန်လမ်းသို့သွားသည့် ရထားသံလမ်းကူး သံတံခါးမှချည်ထားသော ကြိုးပြုတ်ထွက်ကာ သံတံခါး၏ အလေးချိန်ကြောင့် အရှိန်နှင့်လည်ထွက်သွားရာ လမ်းပေါ်တွင် မောင်နှင်လာသော ဆိုင်ကယ်အား ရိုက်မိပြီး လူသေဆုံးမှုဖြစ်ပွားခဲ့သည်။

 


ဘုရားကြီးမြို့မှ အမြန်လမ်းသို့သွားသည့် ရထားသံလမ်းကူးတံတားမှာ ဘောနတ်ကြီးဘက်မှလာလျှင် လက်ယာဘက် ဖွင့်ပိတ်တခါးသည် စံချိန်မီပြုလုပ်ထားသော်လည်း တခါးကို ထိန်းရန်တပ်ဆင်ထားသောကြိုးမှာ သေးငယ်ပြီး ချိတ်အဖြစ်အသုံးပြုသည့် သံချောင်းမှာလဲသေးငယ်သဖြင့် တံခါး၏အလေးချိန်အား ထိမ်းနိုင်ခြင်းမရှိပဲ ရံဖန်ရံခါတခါးချိတ်ပြုတ်ထွက်ပြီး အရှိန်ဖြင့်ပိတ်သွားတတ်သည်ကိုဖြတ်သွားဖြတ်လာလုပ်တိုင်း
မြင်တွေ့နေရပါသည်။

 


သို့သော် ပြုပြင်ခြင်းမရှိပဲ ဒီအတိုင်းဆက်လက်ထားရှိသောကြောင့် ဇွန်လ ၂၈ ရက်နေ့ ညနေ ၄နာရီခန့်တွင် ယာဉ်မောင်းသာချို အသက်၃၃နှစ် သရက်ကုန်းကျေးရွာနေသူ မောင်းနှင်ပြီးအနောက်မှ မနော်ဟဲနီခေး အသက်၃၃နှစ်တို့ စီးနင်းလာသည့် HONDA WASE အမျိုးအစား အပြာရောင်ဆိုင်ကယ် ယာဉ်အမှတ်၄၈ယ/၆၀၂၀၈ သည် သရက်ကုန်းကျေးရွာမှ ဘုရားကြီးမြို့သို့မောင်းနှင်လာစဉ် ဘုရားကြီးမြို့သံလမ်းကူးသို့အရောက် သံလမ်းပိတ်သည့် သံတခါးမှရုတ်တရက်ချိတ်
ပြုတ်ပြီး တံခါးပိတ်သွားရာ အရှိန်ဖြင့်မောင်းလာသော သာချိုမောင်းလာသည့် ဆိုင်ကယ်ဖြင့်တိုက်မိပြီး ပြင်ပဒဏ်ရာမတွေ့ရှိဘဲ မောင်သာချို နေရာတွင်သေဆုံးသွားပြီး မနော်ဟဲနီခေးမှာ ဒဏ်ရာများရှိသွားသဖြင့် ဘုရားကြီးမြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးမော်တော်ယာဉ်ဖြင့် ဘုရားကြီးမြို့ဆေးရုံသို့ ပိုဆောင်ပေးခဲ့သည်။


ဖြစ်စဉ်အားယာဉ်ထိန်း ဒုရဲအုပ်သီဟအောင်မှ တရားလိုပြုလုပ်ပြီးတိုင်တန်းသဖြင့် ဘုရားကြီးနယ်မြေရဲစခန်းတာဝန်မှူး ဒုရဲအုပ်စိုးမင်းသူမှ ယာဉ်မဆင်မခြင်မောင်းနှင်သူ သာချိုအား ဘုရားကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၄၂/၂၀၁၇ ရာဇသတ်ကြီး ပြစ်မှုဥပဒေပုဒ်မ၃၀၄-(က)/၃၃၇ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

Source: မှုခင်းရှုထောင့်မီဒီယာ

 


29 Jun 2017     1,359 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS