BEC-TERO TV

တန်ဖိုးကြီးစိန်​ရင်​ထိုး​လေးအား​ကောက်​ရပြီး ရိုးသားစွာပိုင်​ရှင်​ထံပြန်​​ပေးခဲ့သူ

29 Jun 2017     1,297 Views


ကောက်ရပြီး ရိုးသားစွာ"နာရေး"အိမ်ကိုသွားပြန်ပေးထားတဲ့ အကျင့်စာရိတ္တကောင်းမွန်တဲ့ မြစ်သားမြို့က ညီငယ်လေးရဲ့ပုံပါ။


ရိုးသားတဲ့ညီလေးကြောင့်မြစ်သားမြို့သူ_သားတွေကိုကျွန်တော်ပိုချစ်သွားပါပြီကျွန်တော်ဒီညီလေးကိုကိုယ်တိုင်သွားရောက်တွေ့ဆုံပြီးဂုဏ်ပြုပေးပါမယ်။ရိုးသားတဲ့ညီလေးရဲ့အကျင့်စာရိတ္တ၊ ဖြူစင်ကြတဲ့သူတို့ရဲ့မိသားစုလေးကို ကြည့်ပြီး ကျွန်တော် အလွန်ပဲလေးစားအထင်ကြီး မိပါတယ်။

 

ရတနာသုံးပါးအမြဲဦးထိပ်ထားတဲ့ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊ပစ္စည်းမှန်လို့ပြန်ရတယ်ဆိုပေမဲ့ရိုးသားစွာပြန်လည်အပ်နှံပေးတဲ့ညီငယ်လေးရဲ့ဖြူစင်တဲ့စိတ်ဓာတ်နဲ့အကျင့်စာရိတ္တကောင်းမွန်သောကြောင့်လည်ကောင်း၊၊မေတ္တာစစ်၊မေတ္တာမှန် နဲ့ဇနီးသည်ရဲ့မွေးနေ့လက်ဆောင်အမှတ်တရပစ္စည်းလေးဖြစ်နေတာကတစ်ကြောင်း၊စိတ်ရင်းစေတနာအမှန်နဲ့ဆုတောင်းပေးကြတဲ့ကျွန်တော်မိတ်ဆွေများရဲ့မေတ္တာတွေကြောင့် ၂၄နာရီ မပြည့်ခင်မှာပဲ ကျွန်တော်ရင်ထိုးလေးပြန်လည်တွေ့ရှိခဲ့ရပါပြီ။

စိန်ရင်ထိုးလေးကောက်ရပြီးရိုးသားစွာပြန်လည်အပ်နှံပေးတဲ့ညီငယ်လေးရဲ့အမည်နဲ့အလုပ်ကတော့ကိုဟိန်းဇော်စိုး(ဘ)ဦမျိုးလှိုင်+ဒေါ်ခင်မြဦး၊7starဆန်စက်အလုပ်သမား၊
အလုပ်သမားခေါင်းဆောင်ဦးမောင်လွင်+ဒေါ်မြင့်မြင့်သန်းနှင့်အဖွဲ့၊ရှမ်းပွဲကွက်သစ်၊ မြစ်သားမြို့။

ရိုးသားတဲ့ညီငယ်လေးရဲ့အကျင့်စာရိတ္တကို အများသိအောင်Shareခြင်းနဲ့ အားပေးဂုဏ်ပြုလိုက်ကြရအောင်လားဗျာ။

Source: ဇော်မိုး ပိုင်အိုးနီးယား ၁၁၅

 


29 Jun 2017     1,297 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS