BEC-TERO TV

အပြစ်မဲ့ အသက်မပြည့်သေးတဲ့ ကလေးမကိုပြန်လွှတ်ပေးပါ လို့ရဲတပ်ဖွဲ့ကိုတောင်းဆိုမှုများပြား

29 Jun 2017     1,416 Views


မကြာသေးခင်က မန္တလေးတိုင်းရဲတပ်ဖွဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတဲ့

"တောင်သာမြို့နယ်တွင် နှစ်လုံးထီချဲထီလောင်းကစားနေသူအရေးယူ

မန္တလေး၊ ဇွန် ၂၈

၂၇-၆-၂၀၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မြင်းခြံခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ ရုံးစည်ကြီးရဲကင်းစခန်းမှူးနှင့်အဖွဲ့တို့ပါဝင်သော ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာနေ လှိုင်မိုးမင်း၏နေ အိမ်အားဝင်ရောက် ရှာဖွေရာ လှိုင်မိုးမင်းအား မတွေ့ရှိဘဲ ၎င်း၏ ဇနီး မရွှေဥ၀င်း ၄၁ နှစ်နှင့် သမီး မ၀င့်ဝါအောင် ၁၆ နှစ်၊တို့အား နှစ်လုံးထီ လောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၂၂၅၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် လှိုင်မိုးမင်း၊ မရွှေဥ၀င်းနှင့် မ၀င့်ဝါအောင်တို့အား ရုံးစည်ကြီးရဲကင်းစခန်း (ပ)၉/ ၂၀၁၇ လောင်းကစားပုဒ်မ ၁၅(က)/၁၆(က)အရအမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။" ဆိုတဲ့ သတင်းပါ ဖမ်းဆီးခံရသူနှစ်ယောက်မှာ အသက်မပြည့်သေးတဲ့ ကလေးမကိုပြန်လွှတ်ပေးပါ ဆိုပြီး တောင်းဆိုမှုတွေရှိသလို ဝေဖန်မှုတွေလည်းမြင့်တက်လို့နေပါတယ်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက "ပြီးခဲ့တဲ့ ၂၇ ရက်နေ့က မြင်းခြံခရိုင်မှုခင်းနှိမ်းနှင်းရေးအဖွဲ့က နှစ်လုံးထီ ရောင်းနေတယ် သတင်းပေးတိုင်ကြားလို့ဆိုပြီး တောင်သာမြို့နယ် ရုံးစည်ကြီးရွာရှိ ကိုလှိုင်မိုးမင်းနေအိမ်ကို ၀င်ရှာတာ ကိုလှိုင်မိုးမင်းမတွေ့ပဲ ဇနီးနဲ့ သမီးဖြစ်သူကို နှစ်လုံးထီ လောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများ၊ လောင်းကြေးငွေ ၂၂၅၀၀ ကျပ်တို့နှင့်အတူတွေ့ရှိပြီး ဇနီးနဲ့ အသက်မပြည့်သေးတဲ့ သမီးငယ်ကို ဖမ်းဆီးခဲ့တယ်တဲ့။

ကဲ စဉ်းစားကြည့်ကြပါပြည်သူတို့ရေ နှစ်လုံးရောင်းချသူ ယောက်ကျားမတွေ့လို့ မိန်းမဖမ်းတာထားပါတော့ ဘာကိစ္စ ဘာမှမဆိုင်တဲ့ အသက်တောင်မပြည့်သေးတဲ့ ကလေးမလေးကို ဖမ်းရတာလဲဗျာ။ မိဘရောင်းနှစ်လုံးရောင်းတာနဲ့ ဒီကလေးမလေးက ဘာဆိုင်လို့လဲ။

ဒီလိုပဲ ချဲနှလုံးဖမ်းရင် အိမ်ထဲရှိသမျှကလေးလူကြီး အကုန်ဖမ်းရတာလား။ ခုဖမ်းခံရသူတွေ ကြည့်ရတာလည်း လက်ခွဲရောင်းတဲ့အဆင့်လောက်ပဲရှိမှာပါ။

ကျွန်တော်တို့ မန္တလေးအပါအ၀င် မြို့တိုင်းမှာ လောင်ကစား ၊ မူးယစ်ဆေးဝါး ဒိုင်ချုပ်တွေ ဒိုင်ကြီးတွေ အဖမ်းခံရတာ အင်မတန်နည်းပါတယ်။ အဲ့ဒါတွေကြတော့ မမြင်ကြဘူးလား။ ဖမ်းမိတိုင်း ကိုင်းဖြားကိုင်းနားတွေလောက်ပဲ အများဆုံးမိပါတယ်။ အသီးတစ်ရာအညှာတစ်ခုပါ တကယ်မူးယစ်ဆေးဝါ၊ လောင်းကစားပပျောက်စေချင်ရင် ဒိုင်ချုပ်တွေ ဂိုဏ်းချုပ်တွေ မိအောင်ဖမ်းကြပါ။

ယခု အဖမ်းခံရတဲ့ အပြစ်မဲ့ အသက်မပြည့်သေးတဲ့ ကလေးမလေးကို ပြန်လည်လွှတ်ပေးဖို့ အစိုးရကိုရော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပါ မေတ္တာရပ်ခံအပ်ပါတယ် ။

ဒီကလေးမလေး ပြန်လည်လွှတ်မြောက်ရေးအတွက် တက်နိုင်သူများမှ ၀ိုင်းဝန်ကူညီပေးကြပါ

- ကျော်ကြီး(MDY)"  ဆိုပြီး ဝေဖန်သုံးသပ်ချက်နဲ့အတူ အခုလိုပဲ ရေးတင်ထားပါတယ်။

Source : လူမှုကွန်ရက်စာမျက်နှာများ


29 Jun 2017     1,416 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS