BEC-TERO TV

မတော်တဆ လွတ်ကျကျိုးသွားတဲ့ လက်ကောက်ရဲ့ ဈေးနှုန်းကို သိလိုက်ရပြီး မေ့မျောသွားသူ

29 Jun 2017     2,657 Views


မတော်တဆမှုဆိုတာ နေရာတကာကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဘယ်တော့ဖြစ်မယ်၊ ဘယ်လိုဖြစ်မယ်ဆိုတာ ဘယ်လိုမှခန့်မှန်းလို့ မရနိုင်ပါဘူး။ အချိန်တိုင်းနေရာတိုင်းမှာ မတော်တဆမှုက ဖြစ်တတ်ပါတယ်။
 
တရုပ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမြို့ရဲ့ ဈေးတန်းထဲမှာ မိသားစုတွေနဲ့ အလည်အပတ်လာတဲ့ တရုပ်အမျိုးသမီးကြီးတစ်ဦးက လျှောက်ကြည့်ရင်း အမှတ်မထင် ကျောက်စိမ်းလက်ကောက်တစ်ရံကို ကိုင်ကြည့်ရာမှာ လွတ်ကျပြီး ထက်ပိုင်းကျိုးသွားခဲ့ပါတယ်။ ထုံစံအတိုင်း ပြန်လျော်ပေးရမှာဖြစ်လို့ ဈေးမေးကြည့်လိုက်တဲ့အခါမှတော့ နေရာမှာတင် ပုံရက်သား မေ့မြောလဲကျသွားပါတော့တယ်။

 

ကျောက်စိမ်းဟာ တရုပ်လုမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ လက်ဝတ်ရတနာတစ်ပါးဖြစ်သလို ကျောက်စိမ်းနဲ့ ပတ်သက်ပြီး အသက်ရှည်ကျန်းမာ စီးပွားတတ်တယ်လို့ ယုံကြည်မှုတွေလဲ ထားကြပါတယ်။ ဒါကြောင့်မို့ အမျိုးသမီးကြီးဟာ လက်ကောက်ကို ကိုင်ကြည့်ရင်း အမှတ်တမဲ့ လွတ်ကျပြီး ကျိုးသွားတာဖြစ်ပါတယ်။
 


ပြန်လျော်ပေးဖို့ ဆိုင်ရှင်ထံ ဈေးမေးကြည့်တဲ့အခါ တရုပ်ယွမ်ငွေ ၃ သိန်း(ကျပ်သိန်း ၆၀၀ ကျော်) ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့ ရှော့ခ်ရပြီး နေရာမှာတင် မေ့လဲကျသွားပါတယ်။ သူမရဲ့ မိသားစုတွေက ဆိုင်ရှင်ကို ယွမ် ၇ သောင်းနဲ့ ဈေးဆစ်ပေမယ့် အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံးတော့ ယွမ် ၃ သိန်းပေးခဲ့ရပါတယ်။


အမျိုးသမီးကြီးကိုတော့ နီးစပ်ရာဆေးရုံပို့ပြီး ပြုစုကုသလိုက်တဲ့အခါ ပြန်လည်သတိလည်လာခဲ့ပါတယ်။ သူမရဲ့ ဘဝမှာတော့ ဒီမတော်တဆမှုဟာ ဘယ်လိုမှ မေ့ဖျောက်လို့ မရနိုင်တော့တာ သေချာပါတယ်။ မြန်မာငွေ သိန်း ၆၀၀ ကျော်ပေးဝယ်လိုက်ရတဲ့ လက်ကောက် အကျိုးလေးက သူ့ကို တစ်သက်တာ စိတ်နာစေနိုင်ပါတယ်။
 


29 Jun 2017     2,657 Views




RELATED

Most Popular of Special or Others

Most Popular of NEWS