BEC-TERO TV

လူမှုကွန်ရက်မှာလူပြောများဝေဖန်နေတဲ့ ဆရာမ ၀င်ခွင့်နဲ့မသန်စွမ်းကိစ္စ

29 Jun 2017     1,361 Views


လူမှုကွန်ရက်မှာလူပြောများဝေဖန်နေတဲ့ အကြောင်းအရာကိုတင်ဆက်လိုက်ပါတယ်။

"ကျွန်​မအတွက်​စိတ်​မ​ကောင်းစရာသတင်းတစ်​ခုဒီ​နေ့ကြားလိုက်​ရတယ်​ မသန်​စွမ်းညီ​မ​လေးနှစ်​​ယောက်
ဆရာမ​အလုပ်​​အလျာက်​ထားရာမှာ မသန်​စွမ်းမို့လို့လူ​တွေ့​ဖြေရာမှာ ကျရှုံးပြီးအလုပ်​မရကြဘူးတဲ့။
ကျွန်​မ၁၀တန်း​အောင်​ခါစက ပညာ​ရေးတက္ကသိုလ်​မမှီ​တောင်​ ပညာ​ရေး​ကောလိပ်​တက်​ပြီးဆရာမဖြစ်​ချင်​ခဲ့တာပါ။ ဒါ​ပေမယ့်​အဲ့ဒီတုန်းက ပညာ​​ရေးတက္ကသိုလ်နဲ့​ကောလိပ်ဝင်ခွင့်​မှာမသန်​စွမ်း​တွေကိုကန့်​သတ်​ထားတဲ့အတွက်​ မ​လျောက်​လိုက်​ဘူး။ ကျွန်မက​မွေးရာပါ ​ကိုယ်​လက်​အင်္ဂါမစုံလို့ပါ။ဒါ​ပေမယ့်​ဆရာမအလုပ်​ထက်​ပင်​ပန်းတဲ့လက်​ရှိအလုပ်​မှာသန်​စွမ်းသူ​တွေနဲ့တန်းတူ လုပ်​ကိုင်​နိုင်​ပါတယ်​။ုမသန်​စွမ်းကိုဘာလို့​လျောက်​ခွင့်​မ​ပေးတာလဲဆိုပြီးစဉ်းစားဖူးတယ်​။
မသန်​စွမ်းအခွင့်​အ​ရေး​တွေဘာ​တွေလည်းနားမလည်​ခဲ့ဘူး​လေ။ ကိုယ်​၀ါသနာပါတဲ့​မေဂျာကိုမရခဲ့ဘူး။ ခုနှစ်​စပိုင်းမှာပညာ​ရေးဝန်​ကြီးဌာနက​နေပညာ​ရေးတက္ကသိုလ်​​ကောလိပ်ဝင်​ခွင့်​မှာ မသန်​စွမ်း​တွေကိုကန့်​သတ်​ထားတာ​ဖြေ​လျော့မယ်​ကြားလို့အရမ်းဝမ်းသာခဲ့တာ။ ငါမရခဲ့​ပေမယ့်​ ​နောက်​လာမယ့်​သူ​တွေအတွက်​ကံ​ကောင်းလိုက်​တာလို့​ပျော်​မိ​ပေမယ့်​ အလုံးစုံ​တော့စိတ်​မချ​သေးပါဘူး။ ခုစိတ်​ထဲထင့်​​နေသလိုပဲ လူ​တွေ့မှာဖြုတ်​ချသွားတယ်​။ မသန်​စွမ်းအမျိုးစားတိုင်းကို ဆရာခန့်​၇မယ်​လို့အတင်းတိုက်​တွန်း​နေတာမဟုတ်​ပါဘူး။အမှန်​တကယ်ဝါသနာပါပြီးလုပ်​နိုင်​ကိုင်​နိုင်​တဲ့မသန်​စွမ်းမှုအမျိုးအစား​ကျောင်းသား​ကျောင်းသူ​တွေကိုမသတ်​ပါနဲ့။ ဆရာဆိုတာတပည့်​​တွေအတွက်​စံပြဖြစ်​ရမယ်​ဆိုတဲ့စကားကိုတလွဲသုံး​နေပြီလားလို့တစ်​ဦးတည်းခံစားချက်​နဲ့မြင်​မိတယ်​။ မသန်​စွမ်းဆရာတစ်​​ယောက်​စာသင်​ခန်းထဲ​ရောက်​မှာကိုဘာ​ကြောင့်​အဲ့​လောက်​​တွေးပူ​နေကြတာလဲ။ မသန်​စွမ်းအ​ရေးကိုစာရွက်​​တွေ​ပေါ်မှာဖတ်​လို့​ကောင်းယုံထည့်​သွင်း​ရေးသား​နေတာ​တွေ​တော်​ပါ​တော့လို့တိုက်​တွန်းချင်​ပါတယ်​။
"

 

Source: Aye Aye Aung


29 Jun 2017     1,361 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS