BEC-TERO TV

Sexy ပုံတွေ မရိုက်ဘူးဆိုတဲ့ မင်းသမီး

29 Jun 2017     1,419 Views


သရုပ်ဆောင်လုပ်ငန်းတွေအပြင် ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Miss တစ်ဖြစ်လဲသရုပ်ဆောင် မေဘရဏီသော်က Miss တစ်ယောက်ဖြစ်တဲ့အပြင် ညီမတွေ၊တူမတွေကြောင့် Sexy ပုံစံတွေမရိုက်ဖြစ်ဘူးလို့ ဆိုလိုက်ပါတယ်။

“Sexy ပုံစံမျိုး သိပ်မရိုက်ဖြစ်တာက Miss တစ်ယောက်ရဲ့ သွားလာမှုပိုင်းက Smart နဲ့ Elegant ဖြစ်တယ်၊ပြီးတော့ ညီမတွေ၊တူမတွေရှိတယ်။သူတို့တွေကကိုယ့်ဝတ်ပုံစားပုံတွေကိုတစ်ချိန်လုံးဂရုစိုက်ပြီးကြည့်ကြတယ်။အဲ့တာတွေကလည်း ကိုယ့်ကို သတိထားအောင် လုပ်လိုက်တဲ့အချက်ထဲမှာလည်းပါတယ် ”  လို့ မေဘရဏီသော်က 8Days ကိုပြောလိုက်ပါတယ်။

ဒါ့အပြင်ကိုယ့်အသံအခြေအနေကိုသိတာကြောင့်လက်တလောသီချင်းဆိုဖို့အစီအစဉ်မရှိသေးကြောင်းနဲ့ပရဟိတလုပ်ငန်းတွေကို အဓိကအားဖြင့် MUM အပိုင်းနဲ့ပတ်သက်ပြီးတော့ သူတို့တွေနဲ့ပရဟိတ လုပ်ဖြစ်ကြောင်းဆိုထားပါတယ်။

Source: 8Days

 


29 Jun 2017     1,419 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS