သင်္ဃန်းကျွန်းမြင်သာလိုင်စင်ရုံး ဖောက်ထွင်းခံရ
29 Jun 2017 1,624 Views

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ သံသုမာလမ်းမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်းခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရပြီး ယာဉ်မှတ်ပုံတင်လက်မှတ်( Wheel Tax )များနှင့် ရွှေရောင်လုံခြုံရေး အဆင့်အတန်းဝင်ပစ္စည်းတွေ ပါဝင်သွားတယ်ကြောင်းသိရှိရသည်။
လက်ရှိတွင် ရန်ကုန်အနောက်ပိုင်းကညနခရို
ဖောက်ထွင်းခံရမှုကြောင့် ယာဉ်မှတ်ပုံတင်ဌာနအခန်းတံခါးက ပွင့်နေပြီး ရုံးခန်းထဲက ပစ္စည်းတွေက ပြန့်ကြဲနေကာ ယာဉ်မှတ်ပုံတင်လက်မှတ်တွေထည့်သွင်းထားတဲ့ အံဆွဲထဲက ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ် ၄၁၇ ခုနဲ့ Hologram ရွှေရောင်(လုံခြုံရေးစည်းတံဆိပ်) ၁၁၈ ခုပါတယ်လို့ သိရပါတယ်။
“ပါသွားတဲ့ပစ္စည်းရဲ့တန်ဖိုးကသိပ်မများဘူး၊ ဒါပေမဲ့ဒါတွေက လုံခြုံရေး အဆင့်အတန်းဝင်ပစ္စည်းတွေ၊ အခိုးခံရတာက ဇွန်လ ၂၃ ရက်ညကပါ၊ မနက်ရုံးခန်းတံခါးဖွင့်တဲ့အချိန်မှာအခိုးခံတာကိုသိပြီးအမှုဖွင့်ခဲ့တာပါ”လို့သင်္ဃန်းကျွန်းမြို့မရဲစခန်း ရဲအရာရှိတစ်ဦးက The Voice သို့ပြောကြားထားသည်။
ဒီဖောက်ထွင်းမှုနဲ့ပတ်သက်ပြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊အနောက်ပိုင်းခရိုင်ရုံးမှဦးစီးမှူးဒေါ်ခင်စောလှက တရားလိုပြုလုပ်တိုင်တန်းခဲ့လို့ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ(ပ) ၆၂၆/ ၁၇၊ ၁၉၄၇ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ ပုဒ်မ ၆(၁) နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။
Source: The Voice, ကုန်းလမ်းပို့ဆောင်ရေး