BEC-TERO TV

မယားပါသားကြောင့် ပထွေးဖြစ်သူ ဆိုးဆိုးရွားရွား သေဆုံး

30 Jun 2017     1,300 Views


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် 29.6.2017 ရက်နေ့ည(၈)နာရီအချိန်ခန့်က ဓားထိုးမှုဖြစ်ပွားကြောင်း .သတင်းအရရွှေပြည်သာမြို့မရဲစခန်းမှတာဝန်မှူးဒုရဲအုပ်သန်းတိုးအောင်နှင့်အဖွဲ့မှသွားရောက်စစ်ဆေးရာသီဟအောင်(၂၈)နှစ်(ဘ)ဦးအောင်ကြည် အမှတ်(၁၈)ရပ်ကွက်ဘုရင့်နောင်လမ်းသွယ်အိမ်အမှတ်(၇၅၈)နေထိုင်သူသည် ၎င်း၏မယားပါသားဖြစ်သော ဝေယံထွန်း(၁၆)နှစ်(ဘ)ဦးစိုးနိုင်ထွန်း အမှတ်(၁၈)ရပ်ကွက် သမာဓိလမ်းသွယ်အမှတ် ၈၀၀(က) နေထိုင်သူနှင့်စကားများရာမှ မယားပါသားဖြစ်သူ ဝေယံထွန်းမှ ဓားဖြင့်ထိုးရာ ပထွေးဖြစ်သူ သီဟအောင် မှာ ဝမ်းဗိုက်တွင်းထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိသဖြင့် မေတ္တာရောင်ခြည် ကျန်းမာရေးကူညီစောင့်ရှောက်ရေး
အသင်းမှကားဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင် ကုသနေစဉ် သေဆုံးသွားခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သတ်၍ရွှေပြည်သာမြို့မရဲစခန်းမှဒုရဲအုပ် သန်းတိုးအောင်မှ တရားလိုပြု၍တိုင်ကြားရာ မြို့မရဲစခန်းမှ
(ပ)၁၅၅၀/၂၀၁၇ရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့်အမှုဖွင့်လှစ်ပြီးအမှုစစ်အဖြစ်မြို့မစခန်းမှူးဒုရဲမှူးခင်ဇော်မှဆောင်ရွက်ကာတိမ်းရှောင်ထွက်ပြေးနေသောဝေယံထွန်းအားဖမ်းဆီးရမိနိုင်ရေးအတွက်ဆက်လက်လုပ်ဆောင်လျှက်ရှိသည်။

 

Refမြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း(MCRA)
ရှုထောင့်မှုခင်းနှင့်သတင်းအဖွဲ့(SH)
ရွှေပြည်သာမြို့နယ်ရုံး .


30 Jun 2017     1,300 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS