အဆိုတော်တွေ ထိုင်ငိုသွားမယ့် The Blind Dream
30 Jun 2017 2,545 Views
Myanmar’s Got Talent 2017 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ The Blind Dream တေးဂီတအဖွဲ့က မျက်မမြင် ညီနောင်နစ်ဦးရဲ့ ဖျော်ဖြေတီးခတ် သီဆိုမှုက အဆိုတော်ကြီးတွေ လက်ဖျားခါသွားလောက်အောင် ဖြစ်ခဲ့ရပါတယ်။
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ကိုစဝ်ကျော်နိုင်က ကီးဘုတ်တီးခတ်ပြီး အသက် ၂၄နှစ်အရွယ် ကိုမြတ်မိုးအောင်ကတော့ ဂီတာတီးခတ်ပြီး သီချင်းဆိုကောင်းသူတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Judges Audition မှာ ထူးအယ်လင်းရဲ့ “အချစ်လို့ခေါ်သလား” တေးသီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်လက်ခုတ်သံတွေနဲ့အတူ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒိုင်လူကြီးများထဲမှ အဆိုတော် နေနေကိုယ်တိုင် ချီးကျူးစကားဆိုခဲ့ပြီး အကယ်ဒမီများရှင် မို့မို့မြင့်အောင်ရဲ့ ရင်ထဲကို ရောက်အောင် သီဆိုယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။
ယခုတစ်ခေါက် ဆီမီးဖိုင်နယ်လ်မှာတော့ တေးသံရှင် ဝနရဲ့ လူကြိုက်များနာမည်ကြီးတဲ့ “အနီးဆုံးလူ” သီချင်းနဲ့ ပရိသတ်ကြီးလက်ဖျားခါသွားလောက်အောင် သီဆိုခဲ့ပါတယ်။
ဘယ်လောက်တောင် အသံပါရမီကောင်းကောင်းနဲ့ သီဆိုသွားခဲ့လဲဆိုတာ ကိုယ်တိုင်ကြည့်လိုက်ကြရအောင်ပါ။







