BEC-TERO TV

ဝိုင်းစုကို တိုက်ခိုက်သူ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်သူတွေအပေါ်ထားတဲ့ ၀ိုင်းစုသဘောထား

30 Jun 2017     1,695 Views


ဒေါသဆိုတာ လူတိုင်းမှာရှိပါတယ်..၊ဝိုင်းစုမှာလည်းရှိတယ်...၊တစ်ခုခုဆိုပြန်တုံ့ပြန်ချင်တဲ့စိတ်လည်းရှိတာပေါ့ဝိုင်းစုလည်း  လူသားတစ်ယောက်ပဲလေ.ဆိုပြီး သရုပ်ဆောင်၊ အဆိုတော်ဝိုင်းစုခိုင်းသိန်း ကအခုလိုပြောလိုက်ပါပြီ....

 

"ဒေါသဆိုတာ လူတိုင်းမှာ ရှိပါတယ်..
ဝိုင်းစုမှာလည်းရှိတယ်...
တစ်ခုခုဆို ပြန်တုံ့ပြန်ချင်တဲ့ စိတ်လည်းရှိတာပေါ့
ဝိုင်းစုလည်း လူသားတစ်ယောက်ပဲလေ...
အဲ့ဒီလိုလူသားဖြစ်တဲ့ အတွက် စဉ်းစားဆင်ခြင်နိုင်တဲ့ဉာဏ်က လူတိုင်းမှာရှိပါတယ်...
အဲ့ဒါကတော့ လူတစ်ယောက်ရဲ့အတွင်းစိတ်နဲ့ပဲ
ဆိုင်ပါတယ်... ငါကတော့ ဘယ်လောက်
စိတ်ထားကောင်းပါတယ် ဘယ်လိုဖြူစင်ပါတယ်လို့ လူတကာအရှေ့မှာဟန်ဆောင်ပြနေဖို့ထက်
တကယ့် စိတ်ထားတတ်ဖို့ပဲ လိုတာပါ...
ဝိုင်းစုကတော့ ဒီနေ့ ဒီအချိန်အထိ ဝိုင်းစုကြောင့် ဘယ်သူ့ဂုဏ်သိက္ခာထိခိုက်အောင်မှ မလုပ်ခဲ့ဘူးသလို ငါ့ကြောင့် ဘယ်သူဘယ်ဝါ ထိခိုက်ပါစေလို့ ရည်ရွယ်ပြီး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး... အဲ့ဒီလိုပဲ ဝိုင်းစုကို
တိုက်ခိုက်သူ ဂုဏ်သိက္ခာကျဆင်းအောင်
လုပ်သူတွေကိုလည်း အမြဲ အလျှော့ပေး လစ်လျှုရှုတတ်တာဝိုင်းစုရဲ့အကျင့်ပါ
"
လို့ ၀ိုင်းစုက ဆိုထားပါတယ်။

 

မကြာခင်မှတော့ ၀ိုင်းစုခိုင်သိန်း အခွေသစ် မယ်သီတာအခွ ထွက်ရှိတော့မှာပါ။"ဂါ" MTV လည်းရိုက်ကူးထားပါတယ်။စောင့်မျှော်အားပေးကြတာပေါ့..


30 Jun 2017     1,695 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS