BEC-TERO TV

အချိန် (၃)နှစ် ကြာပြင်ဆင်ထားတဲ့ မာရီကိုလ်း ရဲ့ လက်ဆောင်

03 Jul 2017     1,390 Views


အချိန် (3)နှစ် ကြာပြင်ဆင် ထားတဲ့တစ်ကိုယ်တော်Mini Album ထွက်ဖို့ပြင်ဆင်နေတဲ့ မာရီကိုလ်း သရုပ်ဆောင်ပိုင်းအပြင်အဆိုပိုင်းကိုပါသေချာလုပ်ဆောင်ဖြစ်နေပြီးဝါသနာပါတဲ့အတွက်အဆိုပိုင်းကိုပါလုပ်ဆောင်ခြင်းဖြစ်ပါတယ်ဆိုတဲ့

သရုပ်ဆောင်မာရီကိုလ်း ကတစ်ကိုယ်တော် Mini Album ယခုနှစ် အတွင်းထွက် ရှိနိုင်ရန်စီစဉ်နေကြောင်းပြော ပါတယ်။ "ညီမပရိတ်သတ်ကိုအနုပညာအသစ်အဆန်းတွေချပြနိုင်အောင်အမြဲတမ်းကြိုးစားနေပါတယ်။သရုပ်ဆောင်ပိုင်းကိုလည်းသေချာ ပြန်လုပ်ဖြစ်တယ် ။နောက်ပြီးအဆိုပိုင်းကိုပါလုပ်ဖြစ်နေတယ်။ ကိုယ်လည်းဝါသနာပါတယ် အမှတ်တရလည်းဖြစ်စေချင်တယ် show တွေ မှာဆိုတဲ့အခါကိုယ်ပိုင်သီချင်းလေး ရှိစေချင်တဲ့အတွက် mini album လေးစီစဉ်နေတယ် ။ ပြင်ဆင်နေတာကတော့(၃ )နှစ်လောက်ရှိနေပြီး ။ သီချင်း အပုဒ်ရေ ၇ ပုဒ်ထည့်ဖို့စီစဉ်ထားတယ်။ ဂီတပုံစံကတော့မြူး မြူးလေးတွေ ထည့်သွင်းထားတယ် ။ နောက်ပြီး ညီမတို့ နာဂသီချင်းတစ်ပုဒ် လည့်ညီမအခွေလေးမှာထည့်ထားတယ် '' လို့ပြော ပါတယ် ။

Source: xpress


03 Jul 2017     1,390 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS