ရင်ခုန်တဲ့ သူကို ၀န်ခံလိုက်တဲ့ နန်းသီရိမောင်
03 Jul 2017 1,710 Views

ဇွန်လ ၃၀ ရက်နေ့က သုဝဏ္ဏမိုးလုံလေ လုံမှာ ကျင်းပခဲ့တဲ့ MMA ပြိုင် ပွဲရဲ့ ကမ္ဘာ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံ လုပွဲ မှာ အောင်လအန်ဆန်းက ရုရှားနိုင်ငံသား ဘစ်ဒက် ရှ ကို အနိုင် ရ ရှိ သွားခဲ့ပါတယ်။
မော်ဒယ်လ်မလေး နန်းသီရိမောင်ကတော့ ပြိုင်ပွဲမှာ အောင်လ အန်ဆန်းကို Professional ဆန်ဆန်ရဲရဲ ရင့်ရင့် ယှဉ်ပြိုင် ထိုး သတ်သွားတဲ့ ဘစ်ဒက် ရှ ကို လေးစားသလို၊ သူ့ကိုမြင်တော့ ရင်တွေ လည်း အရမ်းခုန်ခဲ့ရပါတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။
“ကိုယ့်မြန်မာက နိုင်သွားပေမဲ့လဲ မြန်မာနဲ့ ထိုးသတ်သွားတဲ့ BIGDASH ဟာလဲ Professional ဆန်ဆန် တကယ် ရဲရဲ ရင့်ရင့်ထိုးသတ်သွားတဲ့အတွက် သူကလဲ လေးစား ဂုဏ်ယူစရာ ကောင်းတဲ့သူတစ်ယောက်ပါ သူကိုမြင်တော့ ကျွန်မ ရင်တွေ အရမ်းခုန်နေခဲ့တယ် အရပ်ပုစ်ပုနဲ့ ကျွန်မ ရင်ခွင်မီအရပ်နဲ့ပေါ့
မကြာခင် အစဉ်အလာအရ ဝိုင်းပြီး ကလောမတုပ် ဂျေမဝင်ကြဖို့ တောင်းပန်ရင်း အားကစားကိုအားပေးတာပါ အကောင်းမြင် စိတ်လေး နဲ့ ချစ်ပေးပါ။ခေးလဲ လူပါ ”လို့ သူ့ရဲ့ Facebook Page မှာ ရေးသားထားပါတယ်။

Credit:htoohtoo





