BEC-TERO TV

ထိုင်းမှာ မြန်​မာလုပ်​သားလင်​မယားနှစ်​ဦး ထူးဆန်းစွာ ကြိုးဆွဲချ​သေဆုံး

03 Jul 2017     1,363 Views


ထိုင်းနိင်​ငံ ဖစ်​ဘူရီမြို့နယ်​​နောင်​စွန်းနယ်​​မြေတွင်​ မြန်​မာလုပ်​ သားလင်​မယားနှစ်​ဦး(၂.၇.၂၀၁၆)တွင် ကြိုးဆွဲချ​သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါနှစ်ယောက်က မြန်​မာပြည်​က​နေထိုင်းနိင်​ငံ​သို့​ရောက်​ရှိလာတာ တစ်​လ​ကျော်​သာရှိ​သေး​သော MOU လုပ်​သားဇနီး​မောင်​နှံဖြစ်​ပါ တယ်​။


လက်​ရှိမှာ ​နောင်​စွန်းရှိ ခယ်​​ခေါ့န်​ကွန်ပြူတာအပို​ပစွည်းထုတ်​လုပ်​​သော စက်​ရုံမှ လုပ်ကိုင်​​နေ​​သော လုပ်​သားများ
ဖြစ်​ပြီး နီးစပ်​ရာမြန်​မာလုပ်​သားများရဲ့ ​ပြောဆိုချက်​အရဌင်းတို့နှစ်​ဦးဟာ မြန်​မာ​ငွေ သိန်းနှစ်​ဆယ်​နီးပါးအ​ကြွေး
တင်​​နေ​ကြောင်း သိရပြီး အမှန်​တစ်​ကယ်​မိမိကိုယ်​မိမိ ​သေ​ကြောင်းကြံစည်​တာလား အခြားသူများရဲ့ လုပ်​ကြံခံရတာ
လား ဆိုတာကို​တော့ ထိုင်းအာဏာပိုင်​များက ဆက်​လက်​စုံစမ်း​နေကြောင်း သတင်းရင်းမြစ်များကဆိုပါတယ်။

(၂.၇.၂၀၁၇)ည​နေ4နာရီ25မီနစ်မှာသေဆုံးသူတွေကိုတွေ့ရှိခဲ့တာဖြစ်ပြီး ​သေဆုံးချိန်က ​နေ့ခင်းအချိန်​ဖြစ်​​နေတာကို ​တွေ့ရပါတယ်​။

source: ထိုင်းသတင်း


03 Jul 2017     1,363 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS