BEC-TERO TV

ဟာသသရုပ်ဆောင် အကယ်ဒမီ ဦးမိုးဒီ ကျန်းမာရေး အတွက် ထောက်ပံ့ လှူဒါန်းခဲ့တဲ့ နေရွှေသွေးအောင်

03 Jul 2017     1,305 Views


ဟာသသရုပ်ဆောင်တွေ ကျန်းမာရေး မကောင်းတဲ့ အချိန်မှာ ကျော်ထောက်နောက်ခံ ဘာမှမရှိခဲ့ တဲ့ အတွက် အခက်အခဲ ဖြစ်ကြရပါတယ်။ ဟာသသရုပ်ဆောင်တွေ နေမကောင်းဖြစ်လာတဲ့ အခါမှာ နီးစပ်ရာ အနုပညာရှင် ၊ ခင်မင်ရင်းနီးတြ့ သူတွေက ၀ိုင်းဝန်းထောက်ပံ့ကြတာကိုလဲ တွေ့ကြရပါတယ်။ ဒီတခါမှာလဲ ဟာသသရုပ်ဆောင်ဦးမိုးဒီ ကျန်းမာရေး မကောင်းဖြစ်နတဲ့ အချိန်မှာ နေရွှေသွေးအောင်က သွားရောက် ကုညီခဲ့ တယ်လို့ သိရပါတယ် ။

နေရွေသွေးအောင်က သူ့ ရဲ့ အကောင့်မှာလဲ  "ဟာသသရုပ်ဆောင် ဦးမိုးဒီ ကျန်းမာရေး မကောင်းလို့ ကျနော်သွားရောက်ထောက်ပံ့ထားပါတယ်… ငယ်စဉ်ကတည်းကတွေ့မြင်ချစ်ခင်နေရတဲ့ပုဂ္ဂိုလ်များ အသက်အရွယ်ကြီးရင့်လာတော့ ဘဝအာမခံချက်နည်းပါးပြီး အဆင်မပြေတာမြင်ရတာစိတ်မကောင်းပါ… မိတ်ဆွေများအနေနဲ့လည်း မိမိ တို့ ပတ်ဝန်းကျင် မှာလိုအပ်နေသူများကို တတ်စွမ်းသရွေ့ကူညီလှူဒါန်းစေလိုပါတယ်.. " လို့ ရေးသားထားတာကိုလဲ တွေ့ရပါတယ် ။ 

Credit:Lwin Pwin


03 Jul 2017     1,305 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment