BEC-TERO TV

စတုတ္တတန်းတက်ရောက်နေသည့် (၁၀)နှစ်အရွယ် ကလေးငယ် တစ်ဦး ၀မ်းနည်းဖွယ်သေဆုံး

03 Jul 2017     1,232 Views


စတုတ္တတန်းတက်ရောက်နေသည့် (၁၀)နှစ်အရွယ် ကလေးငယ် တစ်ဦး (၁၁)ပေခန့်နက်သည့် ချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှု သေမှုသေခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရှိရသည်။


ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ကော့ဘိန်းကျေးရွာအုပ်စု၊အခြေခံပညာမူလွန်ကျောင်းတွင်စတုတ္တတန်းတက်ရောက်ပညာသင်ကြားနေသော မောင်စွန်ရော်ထော၊(၁၀)နှစ်သည် ၂-၇-၂၀၁၇ ရက်နေ့ ညနေပိုင်းက ကော့ဘိန်းကျေးရွာချောင်းအတွင်း ကျောင်းသားအဖော်များနှင့်အတူ ရေဆင်းချိုးရာမှရေနစ်သေဆုံးခဲ့သဖြင့် ကော့ဘိန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ကာ ဓမ္မာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် အသေးစိတ် စုံစမ်းစစ်ဆေးလျှက်ရှိသည်။

 

Source: ကရင်ပြည်နယ်ရဲတပ်ဖွဲ့


03 Jul 2017     1,232 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS