BEC-TERO TV

မခိုးသငိ့၊မခိုးထိုက်တာကို ခိုးယူတဲ့ အိုဘယ့်အမိုက်သား

03 Jul 2017     1,302 Views


ဘုရားစိန်ဖူးတော်အား ခိုးယူရန်ကြံစည်အားထုတ်သူအား ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။ဖြစ်စဉ်မှာဇူလိုင်လ ၂ ရက်နေ့နံနက်၂နာရီခွဲအချိန်ခန့်တွင်ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၄၂)ရပ်ကွက်၊၀ဋ်ကြွေးတော်ပြေဘုရင်းဝင်းနေသူအား ၎င်းပရ၀ုဏ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင်သီတင်းသုံးနေထိုင်သောသံဃာတော်များမှ အမျိုးသားတစ်ဦး အမျက်တော်ပြေဘုရားပေါ်သို့တက်ရောက်၍ ဘုရားစိန်ဖူးတော်အား ဖြုတ်ယူနေကြောင်း ပြောဆိုခဲ့သည်။
ထို့ကြောင့် သံဃာတော်များနှင့်အတူသွားရောက်၍ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာကျော်မိုးထိုက်၊ (၄၃)နှစ်ဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော (၂)လခန့်ကဘုန်းတော်ကြီးကျောင်းတွင်လာရောက် နေထိုင်သူဖြစ်ကြောင်းသိရှိရပါသည်။

ယင်းသို့ ဘုရားစိန်ဖူးတော်အား ခိုးယူရန်ကြံစည်အားထုတ်သူကျော်မိုးထိုက်အား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲ စခန်း(ပ)၁၁၉၁/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ၂၉၅/၃၇၉/၅၁၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Source: Yangon Police


03 Jul 2017     1,302 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS