BEC-TERO TV

ထန်းတောထဲ ​ဖွေး​ဖွေး ဝတ်​ဆင်​ထားတဲ့ ရှမ်းတိုင်းရင်းသားဝတ်စုံဝေဖန်မှု ဂယက်

04 Jul 2017     1,546 Views


လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ‘ဘုန်းကညာနှစ်ပါး’ ဇာတ်ကားရိုက်ကူးစဉ် သရုပ်ဆောင် ဖွေးဖွေး ၀တ်ဆင်မှုနဲ့ပတ်သက်ပြီးတော့ ဝေဖန်လျက်ရှိကြောင်း သိရှိရပါတယ်။အဆိုပါဝေဖန်မှုမှာထန်းတောအတွင်း သရုပ်ဆောင်ဖွေးဖွေးက ရှမ်းတိုင်း ရင်းသားအင်္ကျီ၊ ရှမ်းလွယ်အိတ်၊ပင်နီအင်္ကျီတို့ကို ဝတ်ဆင်၍ အ ရက်မူးနေသည့် ဇာတ်ဝင်ခန်းကို ရိုက်သည်ဆိုကာ ရှမ်းတိုင်းရင်း သားအချို့က ကန့်ကွက်နေကြ ခြင်းဖြစ်ပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ယိင်းဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာအခုလိုပဲဖော်ပြထားပါတယ်။

"သို့/
ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) သိစေရန်
အခုဝတ်စုံက ပင်နီလို့ပြောလို့ရသလို
တချို့အခန်းမှာ သျှမ်း ရိုးရာအင်္ကျီ ဖြစ်နေပါတယ်။
ပြီးတော့ အခုအသုံးပြုတဲ့ လွယ်အိပ်က ရှမ်းအလံနဲ့ လွယ်အိပ်ပါ
ဘယ်လိုအတွေးနဲ့ မင်းသမီးပေါင်ကြားထဲရောက်နေပါသလဲ။
အနူပညာကိုချစ်တတ်ရင် တိုင်းရင်းသားရဲ့ရိုးရာဝတ်စုံကိုလဲချစ်တတ်ပါ။
ဗမာ့ဝတ်စုံများ ပေါပါလျက်နဲ့ ဘာလို့တိုင်းရင်းသားဝတ်စုံကို အသုံးချနေပါသလဲ(မဝတ်နဲ့လို့မဆိုလိုပါ ရတနာလိုတန်ဖိုးထားတဲ့ အမွေနှစ်ကို ဒီလိုပေါ့ပျက်ပျက်နဲ့ရိုက်တာတော့ ကြည့်မကောင်းပါ)။
သျှမ်းရိုးရာဝတ်စုံများကို ယိင်း page မှာ အမြဲမပျက်တင်နေပါတယ် ဝင်ရောက်လေ့လာပေးရန်တောင်းဆိုပါတယ်။
ဒါကြောင့် ဒီဇတ်ကားကို သျှမ်းတိုင်းရင်းသားများကိုယ်စား ကန့်ကွက်ပါတယ်။ ပြင်လို့ရရင်ပြင်ပေးပါ။

ချယ်ရီချစ်သောစိုင်း"

အဆိုပါ ဝေဖန်ချက်နဲ့ပတ်သက်ပြီးတော့ ဒါရိုက်တာ ကိုဇော်(အာရုံဦး)က "‘‘ပင်နီအင်္ကျီဆိုတာ ဟိုးတုန်း ကတည်းက ဝတ်တာပဲလေ။ ရှမ်း အက်ႌဝတ္တာမွမဟုတ္တာ ပင္နီ အက်ႌေလ။ ပင္နီအက်ႌဝတ္တာ သူတို့ရှမ်းရိုးရာဝတ်စုံ ဝတ်တာမှ မဟုတ်တာ။  ပင်နီအင်္ကျီဆိုတာ တို့သခင်လက်ထက်ကတည်းက မြန်မာပြည်က ထွက်တဲ့ဟာတွေပဲ ဝတ်ရမယ် ဘာညာဆိုပြီးတော့ ချည်ထည်တွေပဲ ဝတ်ခဲ့ကြတာ။ အဲဒါက စာတွေဖတ်ကြည့်ရင် သိ မှာပါ။ တစ်ခုခုကို ဦးတည်ပြီး ပြောမယ်ဆိုရင်တော့ နေရာတကာမှာ ပြောစရာတွေချည်းပါပဲ။ ဦးတို့အ နေနဲ့ကတော့ သူတို့နဲ့ဘာမှပြိုင်ပြီး မပြောချင်ပါဘူး။ ရှမ်းအင်္ကျီ၊ ရှမ်း ဘောင်းဘီဝတ်ပြီး မူးနေတာ လည်း မဟုတ်ဘူး’’လို့  7Day ကိုပြောထားပါတယ်။

 

 

လက်တလောမှာတော့မြန်မာရုပ်ရှင်ဇာတ်ကား၊ဇာတ်လမ်းကျောရိုး၊ ဇာတ်ကားအမည်၊ ဇာတ်ဝင်ခန်းအသုံးအဆောင်၊ ရိုက်ကူးမှုအပါအ၀င် ရိုက်ကူးသူသရုပ်ဆောင်အပြုအမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်နေဆဲပါ။

 

Source: .7daydaily, လူမှုကွန်ရက်စာမျက်နှာ

 


04 Jul 2017     1,546 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS