BEC-TERO TV

ဆန္ဒပြ၊တရားစွဲ ခြင်းခံရတဲ့ ကျွန် ဇာတ်ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာ ညွန့်မြန်မာ့ညီညီအောင် ဘာပြောလဲ

04 Jul 2017     1,803 Views


ဝေဖန်ခံနေရတဲ့ “ကျွန်” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က ဘုရားကျွန်ဆိုတာကို မြင့်မြတ်တဲ့မျိုးရိုးတစ်ခုအနေနဲ့ချပြတာဖြစ်ကြောင်း နဲ့ပုဂံမှာရှိနေတဲ့ ဘုရားကျွန်တွေကို နှိမ်လိုက်တာမဟုတ်ကြောင်းအဆိုပါဇာတ်ကားဝေဖန်မှုက မြန်မာရုပ်ရှင်ဇာတ်ကား ရိုက်ကူးသူအနုပညာလောကအရေးဖြစ်လာဖွယ်ရှိတယ်လို့ဆိုလိုက်ပါတယ်။အဆိုပါ"ကျွန်"ဇာတ်ကားကိုပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရိုက်ကူးရန် ကြိုတင်ခွင့်ပြုချက် မတောင်းခံ ခြင်း၊ရိုက်ကူးစဉ်က ဇာတ်ကား အမည်နဲ့ရုံတင်စဉ် ဇာတ်ကား အမည်   ကွဲလွဲနေသည့်အပေါ် ရှေးဟောင်းဌာနက တရားစွဲဆို ထားသည်။

"‘‘ကျွန်တော့်ကို ကျွန်ကားမ တိုင်ခင် ဗီဒီယိုကားတစ်ကားမှာ လူရွှင်တော်တစ်ယောက်က ဦးဝင်းဦးဝတ်စုံ၊ သင်္ဘောသားဝတ် စုံခေါ်မလား။ အဲဒါဝတ်ပြီး ဟာသ လုပ်တာကို သင်္ဘောသားအသင်း အဖွဲ့တစ်ခုကနေ ရုပ်ရှင်အစည်း အရုံးကို တိုင်တယ်ပေါ့။ အသက် လည်း ကြီးနေပြီဖြစ်တဲ့အတွက် လူကြီးတစ်ယောက်အနေနဲ့ ကျွန် တော့်ဘက်ကတော့ အင်တာတိန်း မန့်လုပ်တာ၊မစော်ကားထားဘူး။ ရှင်းပြတယ်။ ဇာတ်လမ်းရိုက်တဲ့ အခါမှာ ဘယ်သူ့ဘယ်သူရယ်ကိုမှ ရည်ရွယ်တာမဟုတ်ဘူး။ ကျွန် တော်တို့ဒါရိုက်တာတွေကိုယ်၌ ကိုက ဒါရိုက်တာတွေ မကောင်း တဲ့အကြောင်း ရိုက်ရပါတယ်လို့ ဒါရိုက်တာက ဇာတ်ဝင်ခန်းထဲမှာ မင်းသမီးအသစ်လေးကို ခေါ်သွား ပြီး မတော်မတရားကြံတဲ့အခန်း တို့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အဖွဲ့အစည်း အသင်းအဖွဲ့ လူတစ် ဦးတစ်ယောက်ကို ထိခိုက်စေတဲ့ စိတ်နဲ့ မဟုတ်ပါဘူးလို့ တောင်းပန်မှ ကျေနပ်မယ်ဆိုလည်း ကျွန် တော်တောင်းပန်ပါတယ်ဆိုပြီး အဲဒီလိုအရှေ့မှာ ဖြစ်ခဲ့ဖူးတယ်။ သူတို့စိတ်အနှောင့်အယှက်ဖြစ် အောင် လုပ်ခဲ့တယ်ထင်လို့ နှစ်ဦး နှစ်ဖက် ရုပ်ရှင်အစည်းအရုံးမှာ တွေ့ပြီး ကျွန်တော်တောင်းပန် လိုက်ပါတယ်။ ကျွန်ကိစ္စကျတော့ ဘယ်သူ့ကိုမှ ကျွန်တော်စော်ကား တာမဟုတ်ဘူး။ ကျွန်တော့်ကိုယ် ကျွန်တော်သိတယ်။ ထုတ်လုပ်သူ ရော၊ ကျွန်တော်ရော စေတနာ တွေနဲ့ ရိုက်ခဲ့တာ။ ပရိသတ်က လည်း ကျေနပ်ကြတယ်။ မကြည့် ရသေးတဲ့သူအတွက် ဒီလိုမျိုးစိတ် အနှောင့်အယှက်ဖြစ်သွားတဲ့အ ပေါ် စိတ်မကောင်းဖြစ်တယ်’’လို့ ဒါရိုက်တာ ညွန့်မြန်မာ့ညီညီ အောင်က 7daydaily ကိုပြောထားပါတယ်။

လက်တလော မြန်မာဇာတ်ကားတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်မှုတွေမြင့်တက်လာပြီး၊အထူးသဖြင့် ဇာတ်ကားဇာတ်လမ်းထက် အပြုအမှုသရုပ်ဆောင်ပုံစံတွေကိုပါ ဝေဖန်လာကြပါတယ်။"မြန်မာ ပေါကားများရပ်" လို့အမည်ပေးထားတဲ့ ကမ်ပိန်းတစ်ခုကို လူမှုကွန်ရက်စာမျက်နှာတွေကကနေတစ်ဆင်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ကိုယ်ပိုင်အတွေးအမြင်များနဲ့အတူ ဝေဖန်လာကြပါတယ်။

 

 

ဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့‘တစ်ခုတည်းရဲ့အရေးမဟုတ်တော့ဘူးလို့၊ကျွန်တော်တို့တစ်လောကလုံးရဲ့အရေးဖြစ်လာလိမ့်မယ်နဲ့တူတယ်လို့၊ဒီလိုမျိုး ဆန္ဒပြလို့ရရင် နောက် ဟိုလူက ဘာ၊ ဒီလူက ဘာဖြစ်ပါတယ်။ မျိုးစုံဖြစ်လာနိုင်တယ်လို့ အဲဒီတုန်းက အကြံပြုထားသေးတယ်။ အခု တော့ အဲဒီလိုပုံစံသွားဖြစ်တာပေါ့ နော်။ ‘ကျွန်တော်တို့က နိုင်ငံရေး လုပ်တာမဟုတ်ဘူး။ ကျွန်တော် တို့က ပရိသတ်ကို အင်တာတိန်း မန့်လုပ်တာ။ ကျွန်တော်တို့က တော့ စိတ်ရှင်းတယ်’ဟု ၎င်း၏ အတွေ့အကြုံနှင့်အမြင်ကို ပြော ကြားသည်။

Source: 7daydaily


04 Jul 2017     1,803 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS