BEC-TERO TV

ဖျက်ဆီးခြင်းခံလိုက်ရသော ကျောင်းသားသမဂ္ဂကို ပြည်လည်တည်ဆောက်မည်

04 Jul 2017     1,236 Views


ကျောင်းသားသမဂ္ဂအဆောက်အအုံပြန်လည်တည်ဆောက်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲလုပ်ဆောင်ခဲ့ကြောင်း ဒေါ်စန္ဒာမင်းက အခုလို ရှင်းပြထားပါတယ်။



- ဖျက်ဆီးခြင်းခံလိုက်ရသော ကျောင်းသားသမဂ္ဂကို ပြည်လည်တည်ဆောက်နိုင်ဖို့ ပြန်လည်
စတင်ဆွေးနွေးသော အစည်းဝေးဖြစ်ပါတယ်။

- ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ယခုနှစ်ဘတ်ဂျက်တွင် အဆောက်အအုံပြန်လည်တည်ဆောက်ရန်
ကျပ် ၅ ဘီလီယံ ဘတ်ဂျက်ပါဝင်လာပြီဖြစ်၍ စတင်သုံးစွဲရမည့်အချိန်ဖြစ်ပါတယ်။

- ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးမှာ အဆင့်မြင့်ပညာဥပဒေတွင်ပါဝင်လာမှာဖြစ်ပြီး ၎င်းဥပဒေမှာ
ရေးဆွဲပြီးဖြစ်ပြီး လွှတ်တော်တင်ရန်ပဲ ကျန်ရှိပါတော့တယ်။

- သမဂ္ဂအဆောက်အအုံကို အစိုးရ ရန်ပုံငွေအပြင် ပြည်သူလူထူလှုဒါန်းထဲ့ဝင်ငွေများဖြင့်
တည်ဆောက်မှာဖြစ်ပြီး သမိုင်းဝင် အဆောက်အအုံဖြစ်လို့ဥပဒေတခုပြဌာန်းပြီး ထိမ်းသိမ်းအုပ်ချုပ်
သွားမှာဖြစ်ပါတယ်။ယခုအစိုးရလက်ထက်မှာ ကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းရေးနှင့်
အဆောက်အအုံ ဆောက်လုပ်ရေးကို အပြီးဆောက်ရွက်မှာဖြစ်ပါတယ်။

- အားလုံးပါဝင်သော အားလုံးလက်ခံနိုင်သော အဆောက်အအုံဖြစ်ရေးကို ဦးတည်၍ တည်ဆောက်ရေး
ကော်မတီကို ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။

Source ; Sandar Min

 


04 Jul 2017     1,236 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS