BEC-TERO TV

သက်ငယ်မုဒိန်းမှုကျူးလွန်သူကို အမျိုးသမီးများက ဝိုင်းဝန်းရိုက်နှက်

05 Jul 2017     2,678 Views


မုဒိန်းမှုသည် ယခင်နှစ်ပေါင်းများစွာထဲက ကျူးလွန်ခဲ့ကြသော ရာဇဝတ်မှုတစ်ခုဖြစ်လို့ ထိုက်တန်သော ပုဒ်မပြစ်ဒဏ် ရှိထားခဲ့ပြီးဖြစ်သည်။ သို့သော် ယခုနှစ်ပိုင်းများအတွင်း သာမန်မုဒိန်းမှုများသာမကတော့ပဲ အရွယ်မရောက်သေးသည့် သက်ငယ်မုဒိန်းမှုကျူးလွန်မှုများ  များပြားလာခဲ့သည်။

သက်ငယ်မုဒိန်းကျူးလွန်သူများကို ဥပဒေဘောင်အတွင်းက သေဒဏ်ပေးရန် သတ်မှတ်နိုင်သော်လည်း အသက်ရှင်ရက်နဲ့ မှတ်လောက်သားလောက်အောင် ပညာပေးဆုံးမလိုတဲ့ ဆန္ဒက ကျူးလွန်ခံထားရသူ၏ မိသားစုအသိုင်းအဝိုင်းမှာ ရှိနေတတ်ကြသည်။
အိန္ဒိယနိုင်ငံမှာ သက်ငယ်မုဒိန်းကျူးလွန်သူကို ဘယ်လိုဆုံးမကြတယ်ဆိုတာ ဗီဒီယိုလေးမှာ ကိုယ်တိုင် ကြည့်ရှုနိုင်ပါတယ်။


အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုတစ်ခုမှာ အိန္ဒိယနိုငံက အမျိုးသမီးများက သက်ငယ်မုဒိန်းကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးကို မြေကြီးပေါ်တရွတ်ဆွဲ ကြိုးနဲ့တုတ်ကာ တုတ်ရှည်များဖြင့် ဝိုင်းဝန်းရိုက်နှက်ပြီး ကိုယ်တိုင်ပြစ်ဒဏ်စီရင်ခဲ့ကြပါတယ်။
အမျိုးသားမှာ တုံ့ပြန်ငြင်းပယ်ခြင်းမရှိပဲ မြေကြီးပေါ်မှာ လူးကာလိမ့်ကာအရိုက်ခံနေရတာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ရဲတွေရောက်လာပြီး ဝင်ရောက်ဖျန်ဖြေမှုနဲ့ ဗီဒီယိုက အဆုံးသတ်ခဲ့ပါတယ်။

မိတ်ဆွေဆိုရင်ရော သက်ငယ်မုဒိန်း ကျူးလွန်သူကို ဘယ်လိုပြစ်များပေးဖို့ ထိုက်တန်တယ်လို့ တွေးမိပါသလဲခင်ဗျာ..? နဲနဲလောက် မန့်ခဲ့ကြပါဦး..။
 


05 Jul 2017     2,678 Views




RELATED

Most Popular of Special or Others

Most Popular of NEWS