BEC-TERO TV

မိဘများသတိပြုသင့်သည့် ကလေးနဲ့ ကျောပိုးအိတ်အန္တရာယ်

05 Jul 2017     2,220 Views


ယနေ့ခေတ်ဟာ ပညာခေတ်ဖြစ်တဲ့အလျှောက် ကျောင်းသူ၊ ကျောင်းသားကလေးငယ်တွေဟာ နားရတယ်မရှိအောင် ကျောင်းကနေ ကျူရှင် အဲသည်နောက် ဘာသင်တန်း ညာသင်တန်း စသည်ဖြင့် မိုးလင်းမိုးချုပ် အရွယ်နဲ့မလိုက်အောင် ပညာတွေကို အပြိုင်အဆိုင်ဆည်းပူနေကြရပါတယ်။
 
ကျောင်းစာအုပ်၊ ကျူရှင်စာအုပ်၊ သင်တန်းစာအုပ်တွေ အပြည့်ပါတဲ့ ကျောပိုးအိတ်ကြီးတွေကို လွယ်ကာနေ့စဉ် သွားလာလှုပ်ရှားနေကြတာကို မိမိတို့ ပတ်ဝန်းကျင်မှာလည်း မြင်တွေ့ရတတ်ပါတယ်။ ပညာသင်ယူဆည်းပူတာ ကောင်းတဲ့အလုပ်ဆိုပေမယ့် မထင်မှတ်ထားတဲ့ အချက်ကြောင့် ကလေးရဲ့ ဘဝတစ်လျှောက် လူဖြစ်ရှုံးသွားနိုင်တယ်ဆိုတာလည်း မိဘတွေအနေနဲ့ သတိပြုသင့်တဲ့ အကြောင်းရာလေးတစ်ခုကို ပြောပြချင်ပါတယ်။

 


မလေးရှားနိုင်ငံက ကျောင်းသား ကလေးငယ်တစ်ဦးဟာ ကျောင်းစာအုပ် အလေးကြီးတွေ ကျောပိုးအိတ်ထဲနေ့စဉ် ထည့်သယ်ပြီး ကျောင်းတက်ရင်းနဲ့ တစ်ရက်မှာတော့ သူ့ရဲ့ကျောရိုးကို အကြီးစားခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ်။ ကျောပိုးအိတ်ရဲ့ အလေးချိန်ကြောင့် တစ်ဖြည်းဖြည်း ခါးကုန်းလာပြီး နောက်ဆုံးမှာ ခါးနာတဲ့ဒဏ်ကို မခံနိုင်တာကြောင့် ဆရာဝန်နဲ့ ပြကြည့်ရာမှာ ခွဲစိတ်ကုသဖို့ လိုတဲ့အတွက် ကျောရိုးခွဲစိတ်ခဲ့ရပါတယ်။


လူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောရိုးဟာ ပင်မမဏ္ဍိုင်ဖြစ်လို့ ကျောရိုးခွဲစိပ်ခံထားရတဲ့ လူတစ်ယောက်ဟာ လူကောင်းပကတိ ပြန်ဖြစ်ဖို့ခဲယဉ်းပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ သားသမီးတွေကို ကျောပိုးအိတ်အလေးကြီးတွေ မလွယ်ရအောင် ဆင်ခြင်သတိပြုနိုင်ကြပါစေ။


 


05 Jul 2017     2,220 Views




RELATED

Most Popular of Special or Others

Most Popular of NEWS