BEC-TERO TV

နေတိုး ရဲ့ ပထမဦးဆုံး Director of Photography အဖြစ် ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား

05 Jul 2017     1,897 Views


မကြာခင်ရုံတင်ပြသမည့် "ကြောက် ကြောက် ကြောက်" ဇာတ်ကားကိုရုံပြိုင်ပြသခြင်းမဟုတ်ဘဲ ရုပ်ရှင်ဇာတ်ကားအား စိတ်ကြိုက်ပြသခြင်းသာဖြစ်ကြောင်း 7Sense Film Production & Myanmar Media 7 & V7 Entertainment မှာ ကိုဝေမင်းမောင်က အခုလိုပဲပြောလိုက်ပါတယ်။

"ရုံပြိုင်ပြသခြင်းမဟုတ်ပဲ ကိုယ့်ရုပ်ရှင်ဇာတ်ကားအား စိတ်ကြိုက်ပြသခြင်းသာဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ မြန်မာရုပ်ရှင်စနစ်အရ ရိုက်ကူးလာတဲ့ ထုတ်လုပ်ရေးတွေများလာတာကြောင့် ရုပ်ရှင်ဇာတ်ကားတွေ များပြားလာတဲ့အခါ ရုံတင်မယ့် ရုံပိုင်တွေ အခက်အခဲဖြစ်လာတာပေါ့။ ဒါမယ့် ပရိသတ်တွေအတွက် ကိုယ်ကြိုက်တဲ့ ဇာတ်လမ်း ကိုယ်ကြိုက်တဲ့ သရုပ်ဆောင် စသဖြင့် ကိုယ်ကြိုက်တဲ့ရုပ်ရှင်ဇာတ်ကားကို စိတ်ကြိုက်ရွေးချယ်လာနိုင်တာပါပဲ။ အဲဒီတော့ ထုတ်လုပ်ရေးတွေကလည်း ဇာတ်လမ်းပိုင်း ကြော်ငြာပိုင်းတွေ သေချာပြင်ဆင်လာကြတယ်။ ထုတ်လုပ်ရေးတိုင်းကတော့ ကိုယ့်ဇာတ်ကားကို ကောင်းမယ်ထင်တဲ့ယုံကြည်ချက်တစ်ခုနဲ့ ရာချီ ထောင်ချီကုန်ကျခံကြတာပါပဲ။ နှစ်ပတ်ကနေ တစ်လအတွင်း ကုန်ကျငွေနဲ့ အမြတ်ကိုရှာရတာ ရင်ခုန်ဖို့တော့ တော်တော်ကောင်းတယ်။ ကဲဗျာ ..... ကျွန်တော်ကတော့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကား ဇူလိုင် ၂၁ ရက်နေ့မပြမီ ဂျင်းကောင်လေးနှင့် စွယ်စုံရ မင်းသား ယုန်လေး, ဦးခင်လှိုင် ရဲ့ OG2 ကိုအားပေးမယ် ပြီးရင် ယောက်ခမရယ် ဘုန်းကညာနှစ်ပါးလုံးရယ်ကိုလည်း ရုပ်ရှင်ချစ်သူဖြစ်ပီပီ ကြည့်ရဦးမယ်။ ရုပ်ရှင်ကားတွေမှာ လူဝင်များပြီး ရုပ်ရှင်ရုံတွေဆယ်ဆလောက် တိုးလာကြပါစေဗျ
ကျွန်တော်ဇာတ်ကားအတွက် ခေါင်းရှုပ်ခံရုံရက်ညှိပေးကြတဲ့ မင်္ဂလာရုပ်ရှင်ရုံအုပ်စု Junction ရုပ်ရှင်ရုံအုပ်စု Mega Ace ရုပ်ရှင်ရုံအုပ်စုနှင့် ကျန်တဲ့ရုပ်ရှင်ရုံမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ကျွန်တော့်ကိုက လုပ်ချင်ရင်ဇွတ်လုပ်တတ်လို့ ကိုယ်ကြိုက်တဲ့ နံပတ် ၇လပိုင်းမှာ ပွဲဦးထွက်ကားဖြစ်တာမို့ အရအမိရုံတင်ပါတယ်။ ဆက်၍ ကြော်ငြာလိုက်ပါဦးမယ် .... ကြောက်ကြောက်ကြောက် ဇူလိုင် ၂၁ တွင်ပြပါပြီဝင်ငွေတွေရကြပြီး ပိုကောင်းတဲ့အနုပညာလမ်းကြောင်းကို တူတူချီတက်နိုင်ကြပါစေဗျ
လေးစားစွာဖြင့် - ရွှေမန်း (7Sense Film Production & Myanmar Media 7 & V7 Entertainment ) " လို့ဆိုထားပါတယ်။

အဆိုပါဇာတ်ကားကို ဒါရိုက်တာ သြရသ ရိုက်ကူးပြီး သရုပ်ဆောင် နေတိုး၊ ထွန်းထွန်း၊ မင်းသွေး၊ ခင်ဝင့်ဝါ၊ နန်းမြတ်ဖြိုးသင်း၊ ပိုပိုတို့ ပါဝင်တဲ့ “ကြောက်ကြောက်ကြောက်” ရုပ်ရှင်ကို မကြာမီ ရုံတင်ပြသသွားတော့မှာ။ ဒါ့အပြင် "ကြောက်ကြောက်ကြောက်"ရုပ်ရှင်မှာ သရဲဟာသ ဇာတ်ကားအမျိုးအစားဖြစ်ပြီး သရုပ်ဆောင်ခြင်းအပြင် ရုပ်ရှင်ရိုက်ကူးမှုတွင် DOP ဟုခေါ်သော ရုပ်ရှင်ဇာတ်ကား၏ အရုပ်ရိုက်ကူးမှုများကို တရားဝင်ဖန်တီးပုံဖော်ခွင့်ရခဲ့သော နေတိုးရဲ့ ပထမဆုံးဇာတ်ကားတကားဖြစ်ပါတယ်။

 


05 Jul 2017     1,897 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS