BEC-TERO TV

အုပ်စုဖွဲ့ အကြမ်းဖက် လုယက်မှုပေါင်းမျာစွာ ကျူးလွန်တဲ့ အဖွဲ့ကို ဒီလိုဖမ်းမိတာ

05 Jul 2017     1,326 Views


ကိုရီးယားနိုင်ငံသို့သွားရောက်မည့်သားဖြစ်သူအားလေဆိပ်သို့ပို့ဆောင်ပြီးပြန်လာသည့်မိသားစုအားအုပ်စုဖွဲ့၍လုယက်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိကြောင်း ရန်ကုန်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖြစ်စဉ်မှာ မေလ ၂ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ပဲခူးမြို့နေ ဒေါ်---- သည်ကိုရီးယားနိုင်ငံသို့သွားရောက်မည့် သားဖြစ်သူအားမိသားစုနှင့်အတူရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့၎င်းတို့ပိုင်မော်တော်ယာဉ်ဖြင့်လိုက်လံပို့ဆောင်ပြီး ပြန်လာစဉ် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ဘီအိုစီမှတ်တိုင်အနီးအရောက်တွင် မြေးဖြစ်သူ ကလေးငယ်မှအပေါ့သွားချင်
သဖြင့် ကားရပ်၍အပေါ့သွားနေစဉ် အဖြူရောင်မော်တော်ယာဉ် တစ်စီးမှ၎င်းတို့၏ယာဉ်ရှေ့တွင်ပိတ်ရပ်ကာ ဓားများကိုင်ဆောင်လာသောအမျိုးသား ၄ ဦးဆင်းလာပြီး တစ်ဦးမှ ဒေါ်----အား ဓားဖြင့်ထောက်ကာငွေကျပ် ၄သိန်းခွဲထည့်ထားသော စလင်းဘက်အိတ်နှင့် ခြယ်နားကပ် ၁ရံ၊MC ရွှေဆွဲကြိုး ၁ ကုံး၊ ကျောက်ဖြူပါ ရွှေလက်စွပ် ၁ ကွင်း၊ Mi အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံး၊ i phone 7 လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNGNote 3 လက်ကိုင်ဖုန်း ၁ လုံး၊ပလက်တီနမ်ဆွဲကြိုး၁ကုံး၊ဖန်စီဆွဲကြိုး၁ကုံးနှင့်မောင်းကွင်းလက်စွပ်၁ကွင်း၊စုစုပေါင်းတန်ဖိုးငွေကျပ်(၄၁၂၀၀၀၀)တို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၅၄၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂/၁၁၄ ဖြင့် အမှုဖွင့်ကာ
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်စပ်လျဉ်း၍ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ် ထွန်းလင်း ခေါင်းဆောင်သော ရဲတပ်ဖွဲ့ဝင်များကရွှေပြည်သာမြို့နယ်၊လှော်ကားနယ်မြေရဲစခန်း(ပ)၃၆၀/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ၃၉၄အမှုဖြင့်ဖမ်းဆီးထားသော ရွှေပြည်သာမြို့နယ်နေ သက်ထွေး(ခ)တိုက်မောင်း(ခ) အသေးလေးအားစစ်ဆေးခဲ့ရာ၎င်းသည် အဆိုပါအမှုအား မွှေးနီ(ခ)သူရိန်ထွန်း၊ မင်းမင်း(ခ)အောင်မျိုးမင်း၊ ကျော်စွာဖြင့်(ခ)ကောင်းစံ(ခ)ဇေဇေ၊ သန့်ဇင်(ခ)သန့်ဇင်ထိုက်၊ စည်သူအောင်(ခ)စည်သူတို့နှင့်အတူ AA---- Caldinaအငှားယာဉ်တစ်စီးအား ငှားရမ်းအသုံးပြုကာ အုပ်စုဖွဲ့၍ လုယက်မှုများကျူးလွန်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာဇွန်လ၆ရက်နေ့နံနက်၁နာရီခွဲအချိန်တွင်မင်းမင်း(ခ)အောင်မျိုးမင်းနှင့် ကျော်စွာမြင့်(ခ)ကောင်းစံ(ခ)ဇေဇေတို့ ၂ ဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုသည့်မော်တော်ယာဉ်နှင့်အတူ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်တံတားအနီးမှလည်းကောင်း၊ နံနက် ၃ နာရီအချိန်တွင် မွှေးနီ(ခ)သူရိန်ထွန်း(ခ)
သူရိန်၊ ထက်နိုင်ဝင်း၊ ဝေယံလင်းတို့အား လှိုင်သာယာမြို့နယ်အတွင်းမှလည်းကောင်း၊ ဇွန်လ ၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် စည်သူအောင်(ခ)စည်သူအား လှိုင်သာယာမြို့နယ်အတွင်းမှလည်းကောင်း၊ ဇွန်လ ၂၄
ရက်နေ့တွင်သန့်ဇင်(ခ)သန့်ဇင်ထိုက်အားခရမ်းမြို့နယ်မှလည်းကောင်းအသီးသီးဖမ်းဆီးရမိခဲ့ပြီးလုယက်မှုကျူးလွန်စဉ်ကအသုံးပြုခဲ့သောလက်နက်များကို AACaldinaအငှားယာဉ်ရှေ့ခန်းယာဉ်မောင်းထိုင်ခုံအောက်ရှိခြေနင်းပြားအောက်တွင်ဝှက်သိမ်းထားကြောင်းတွေ့ရှိသိမ်းဆည်းရမိခဲ့သည့်အပြင် အမှုမှပါဆုံးသွားသော သက်သေခံပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

ဖမ်းဆီးရမိသည့်ပြစ်မှုကျူးလွန်သူများအားဆက်လက်ဖော်ထုတ်ခဲ့ရာသက်ထွေး(ခ)တိုက်မောင်း(ခ)အသေးလေးပါ(၈)ဦးတို့မှ ၂၀၁၆ ခုနှစ်၊ဒီဇင်ဘာလအတွင်းက ရွှေပြည်သာမြို့နယ်၊ (၂)ရပ်ကွက်၌(၁)ကြိမ်၊၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက လှိုင်သာယာမြို့နယ်၌(၂)ကြိမ်၊မတ်လအတွင်းက လှိုင်သာယာမြို့နယ်အတွင်း၌(၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်၌(၁)ကြိမ်၊ ဧပြီလအတွင်းက လှိုင်သာယာမြို့နယ်၌(၅)ကြိမ်၊ရွှေပြည်သာမြို့နယ်၌(၈)ကြိမ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌(၁)ကြိမ်၊
မေလအတွင်းကရွှေပြည်သာမြို့နယ်၌(၃)ကြိမ်၊လှိုင်သာယာမြို့နယ်၌(၂)ကြိမ်၊ဇွန်လဆန်းပိုင်းတွင်လှိုင်သာယာမြို့နယ်၌(၁)ကြိမ်၊ ရွှေပြည်သာမြို့နယ်၌(၂)ကြိမ် အုပ်စုဖွဲ့၍ AA----Caldina အငှားယာဉ်အားအသုံးပြုပြီး ဓားပြခြိမ်းခြောက်ကာ လက်ကိုင်ဖုန်းများ၊ ရွှေထည်လက်ဝတ်ရတနာများ၊ ဆိုင်ကယ်များနှင့် ငွေများကို အကြိမ်ကြိမ်လုယက်ခဲ့ကြကြောင်း
ပေါ်ပေါက်ခဲ့သဖြင့် ၎င်းတို့(၈)ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီးတွင်အမှုများရေးဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများကိုပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မော်တော်ယာဉ်/ဆိုင်ကယ်များအသုံးပြုကာ အုပ်စုဖွဲ့လုယက်သူများအား ဖမ်းဆီးရမိရာမှ ကိုရီးယားနိုင်ငံသို့သွားရောက်မည့် သားဖြစ်သူအား မင်္ဂလာဒုံလေဆိပ်သို့ပိုဆောင်ပြီး
ပြန်လာသည့် မိသားစုများအား လုယက်မှုကျူးလွန်သူများကိုပါ ဖော်ထုတ်အရေးယူနိုင်ခဲ့သည့်အပြင် အခြားလုယက်မှုပေါင်း(၃၀)မှုကိုလည်းဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်ရဲ


05 Jul 2017     1,326 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS