BEC-TERO TV

ကပ်ခွာတိပ်၊ နှုတ်ခမ်းနီတောင့် တံဆိပ်တုံးနှင့် သွေးစက်တို့နှင့် ပုံဖော်ခဲ့သည့် အံ့မခမ်း အစက်အပြောက်အနုပညာ

05 Jul 2017     1,897 Views


ဖိလစ်ပိုင်နိုင်ငံက Kel Cruz ဆိုတဲ့ အစက်အေပြာက်ဖြင့် ပုံဖော်သော အနုပညာရှင်လူငယ်တစ်ဦးက ကပ်ခွာတိပ်၊ နှုတ်ခမ်းနီတောင့် စသည်တို့ကို အသုံးပြုပြီး ဓါတ်ပုံအလားထင်မှတ်ရတဲ့ ရုပ်ပုံကားချပ်တွေကို တီထွင်ရေးဆွဲနိုင်ခဲ့ပါတယ်။
 


အစက်အပြောက်အနုပညာ (Pixel Art) အဖြစ်ဖန်တီးထားသော ရုပ်ပုံများမှာ ကွန်ပျူပရင်တာနဲ့များ ထုတ်ထားတာလာလို့တောင် အမှတ်မှားစေလောက်အောင် သေသပ်လှပါတယ်။


ခဲတံမှင်တံ လုံးဝမသုံးပဲ ယခုလိုပုံတွေထွက်လာအောင် သူ့အနေနဲ့ စမ်းသပ်ရေးဆွဲမှုတွေ ပြုလပ်ခဲ့ပါတယ်။ တိပ်အရောင်စုံ၊ တံဆိပ်တုံး၊ နှုတ်ခမ်းနီတောင့်၊ လက်ဗွေနဲ့ သွေးတို့ကို ရုပ်ပုံဖန်တီးရာမှာ အသုံးပြုခဲ့ပါတယ်။


ရုပ်ပုံကားချပ်တစ်ခုမှာပါဝင်တဲ့ အစေက်အပြောက်ပေါင်းက မရေမတွက်နိုင်လောက်အောင် အနုစိတ် ပြုလုပ်ခဲ့ရတာဖြစ်လို့ ရုပ်ပုံတွေဟာ ပြောင်မြောက်တဲ့ အနုပညာလက်ရာတွေဖြစ်ခဲ့ပါတယ်။

 


Kel ရဲ့ အနုပညာလက်ရာတွေနဲ့ သူဘယ်လိုရေးဆွဲခဲ့ရတယ်ဆိုတာကို ကြည့်ရှုကြပါဦး။


 


05 Jul 2017     1,897 Views




RELATED

Most Popular of Special or Others

Most Popular of NEWS