အာဇာနည်နေ့ မတိုင်ခင် အတွင်းဝန်ရုံး ပြင်ဆင်နေ
06 Jul 2017 1,899 Views

ယခု လာမည့် အာဇာနည်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ အတွင်းဝန်ရုံးအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသော အစိုးရ၀န်ကြီးများ အစည်းအဝေးခန်းကို လုပ်ကြံခံခဲ့ရစဉ်ရှိခဲ့သည့် မူရင်းပရိဘောဂများအတိုင်း ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ဆယ်စုနှစ်များစွာ ဘုရားခန်းအဖြစ်ထားရှိထားသည့် အဆိုပါ အစည်းအဝေးခန်းကို ယခင် နှစ်၇၀က ဗိုလ်ချုပ်တို့ အစည်းအဝေးလုပ်ခဲ့သည့် အခန်းပုံစံအတိုင်း လာရောက် လည်ပတ်မည့်သူများအနေဖြင့် မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။
.jpg)









ထို့အပြင် အတွင်းဝန်ရုံးအတွင်းရှိ တိုင်းပြုပြည်ပြုလွတ်တော်ရုံး (ပါလီမန်အဆောက်အအုံ) ကိုပါ ၀င်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး အာဇာနည်နေ့ ပန်းချီအနုပညာပြပွဲတခုကိုပါ ပြုလုပ်သွားမည်ဟုသတင်းရရှိသည်။
Source: ဓာတ်ပုံ-ချမ်းစွန်း/ ဧရာဝတီ







