BEC-TERO TV

တောင်​ပြုံးမင်းနှစ်​ပါး ဂူ​ပေါ်မှာ အစ္စလာမ်​သာသနာ့အလံ​တွေရှိတဲ့ အကြောင်း လူမှုကွန်ရက်တွင် လူပြောများ

06 Jul 2017     1,956 Views


rလူမှုကွန်ရက်နဲ့လူပြောများနေတဲ့ "​တောင်​ပြုံးမင်းနှစ်​ပါး ဂူ​ပေါ်မှာ အစ္စလာမ်​သာသနာ့အလံ​တွေရှိတဲ့ အကြောင်း
"နဲ့ပတ်သက်ပြီး Min Min Soe အကောင့်က အခုလိုပဲဖော်ပြလိုက်ပါတယ်။

"--- မင်းနှစ်​ပါးဂူဖြစ်​စဉ်​ ---

Moe Htet Myint ရှင်းပါ ခဗျားလိမ်တာလား ဂေါပကက လိမ်တာလား ရှင်းပါ

မေ (၂၅)ရက်​​နေ့ Moe Htet Myint face book acc- မှ ​တောင်​ပြုံးရှိ မင်းနှစ်​ပါးဂူကို သူ​ရောက်​ရှိခဲ့​ကြောင်း၊ ​ဇေယာရတ်​လည်း လုပ်​ခဲ့​ကြောင်း၊ ဂူ​တော်​ကို အနီ​ရောင်​ပိတ်​နဲ့ အုပ်​ထား​ကြောင်း၊ ​တောင်​ပြုံးမင်းနှစ်​ပါးဖြစ်​သည်​ ဟာရှင်​မ်​ရှားဟ်​ (ခ)ရှမ်​စွဒ်​ဒီးန်​နှင့်​ ကာစင်​မ်​ရှားဟ်​ (ခ)ဗဒရ်​ရွဒ်​ဒီးနန်​တို့ရဲ့ ဂူ​ပေါ်မှာ အစ္စလာမ်​သာသနာ့အလံ​တွေရှိတဲ့အ​ကြောင်း- ပုံ​တွေ video​တွေ တက်​လာလို့ ကူးယူပြီး ဆရာ​တော်​အထံ ပြကြည့်​ပါတယ်​။

ဆရာ​တော်​က ဒီလိုရှိတယ်​ မကြားမိဘူး​ကြောင်း၊ သူ့ဘက်​ ကိုယ့်​ဘက်​ ဘယ်​ဘာသာဘက်​ကမှ နစ်​နာမှု မရှိရ​​လေအောင်​ အဖြစ်​အမှန်​ သိရ​အောင်​ စာ​ရေးချင်​ပါတယ်​ မိန့်​ကြားလာလို့ ဆရာအုတ်​ကြီး ဆရာချိုတို့နှင့်​ မ​နေ့က ​တောင်​ပြုံးသို့ ​ရောက်​ဖြစ်​ပါတယ်​။မင်းနှစ်​ပါးဂူ​​ပေါက်​ထဲ လှန်းကြည့်​တော့ တင်​ထားတဲ့အတိုင်း မဟုတ်​ပါဘူး၊ ကတ္တီပါအနီအစ ​အ​ပေါ်မှာ တရုပ်​ပြည်​မှ စွယ်​​တော်​ဓာတ်​ပုံ တင်​ထားတာရယ်​၊ ​ငွေ​ရောင်​ ပန်းအိုးနှစ်​အိုးရယ်​၊ ပန်​ကုံးနှစ်​ကုံးရယ်​၊ ​အောက်​​ဘေးဘက်​မှာ​တော့ ကန်​​တော့ပွဲ စတီးဇလုံ​တွေပဲ ​တွေ့ခဲ့ရပါတယ်​။အထဲထိ အ​သေအချာ ​ဝင်​ပြီး ​လေ့လာချင်​လို့ ဂူ​ပေါက်​​သော့ ဘုရားရှိ လူကြီး​တွေအထံ ​တောင်းကြည့်​အခါ အထက်​လူကြီး​တွေ အထံမှာတဲ့၊ အထဲမှာ ဘာမှ မရှိပါ​ကြောင်း၊ ဥပုသ်​​တော်​​ဆောင်​​တွင်းမှာ​တော့ မင်းကြီးမင်း​လေး စီးတဲ့ ​ထမ်းစင်​​(ဝေါစင်​)​တွေရှိ​ကြောင်း ​ပြောပါတယ်​။

fb-​ပေါ်မှာ​တွေ့တဲ့ ပုံ​တွေနဲ့ ပက်​သက်​ပြီး ​မေးမြန်းကြည့်​တဲ့အခါ --
" ဂူ​ပေါက်​​သော့က နန်းထိမ်း​တွေ ကိုင်း​ကြောင်း၊ သူ့တို့လူမျိုးစပ်​ဖြစ်​လို့ ပူ​ဇော်​ချင်​​ကြောင်းစသည့်​ ​ပြောကြားပြီး ဂူကို ​သော့ဖွင့်​ကာ သူတို့ဘာသာ သူတို့ ဖန်​တီးပြီး ဓာတ်​ပုံရိုက်​ယူ သွားတာ ဖြစ်​နိုင်​​ကြောင်း၊ အင်​တာနက်​ ​ဖေ့စ်​ဘုတ်​​ပေါ် တက်​လာမှ ဘုရား​ဂေါပကအဖွဲ့လည်း သိရ​ကြောင်း"စသည်​ဖြင့်​ ​ဘုရားဝင်းထဲရှိ လူအချို့မှ လျှောက်​ထားပါတယ်​။ဒီလို ဂူ​သော့ကို ရ​အောင်​​တောင်းနိုင်​၊ အစ္စလာမ်​အသုံးအ​ဆောင်​​တွေကို ခင်းကျင်းပြီး ဓာတ်​ပုံ​တွေ ရိုက်​နိုင်​၊ video ရိုက်​နိုင်​ အင်​တာနက်​​ပေါ်အထိ ​ရောက်​​အောင်​ တင်​နိုင်​တဲ့ သူ​တွေကို ​လေးစားမိပါတယ်​။

ဘုရားမှာ တာဝန်​ရှိပုဂ္ဂိုလ်​​တွေ၊ နတ်​ထိမ်းဆိုသူ​တွေကို​တော့ -----------

မြန်​မာ​တွေ သစ္စာမရှိကြလို့ စည်းကမ်းမရှိကြလို့ ထီးနန်း​ပျောက်​ခဲ့ရတာကို အစဉ်​ သတိပြု မိကြပါ​စေ။

အရာရာမှာ ဦး​ဆောင်​သမှုပြု၍ ​မေးမြန်း​ပေးကြပါ​သော ဆရာအုတ်​နှင့်​ ဆရာချိုအား ဂါရဝပြုလျက်

မေတ္တာဖြင့်​ (အရှင်​ကွိန်​ - 4-7-2017) " ဆိုပြီး (၅.၇.၂၀၁၇)က ဓာတ်ပုံနဲ့တကွတင်ထားပါတယ်။

 

 

(၆.၇.၂၀၁၇)ယနေ့မနက်မှာတော့ Min Min Soe အကောင့်ပိုင်ရှင်က အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

"ကျွန်တော် ဒီမနက်က ကိုမိုးထက်မြင့်နဲ့ ပန်းသခင်လဘက်ရည်ဆိုင်မှာ သွားရောက်တွေ့ဆုံပြီး တောင်ပြုံးကိစ္စ မေးခဲ့ပါတယ်၊သူပြတဲ့ဓာတ်ပုံတွေ၊ဗွီဒီယိုဖိုင်တွေလည်း ကြည့်ခဲ့ရပါတယ်၊သူကလည်း ရှေ့က သူများတင်ထားတဲ့ ဗွီဒီယိုဖိုင်ကိုတွေ့ပြီး သွားရောက်လေ့လာခဲ့တဲ့သဘောပါပဲ၊ပြသနာက ပန်းရောင်းတဲ့ အမျိုးသမီးတွေကြောင့်ဖြစ်နိုင်ပါတယ်၊သူတို့က ပန်းရောင်းတယ်၊ဧည့်သည်က ဂူတွေထဲ ဝင်လေ့လာချင်တယ်ဆိုရင် သော့ဖွင့်ပေးလိုက်တယ်၊အဲဒီမှာ ဘယ်သူက အစ္စလမ်အထိမ်းအမှတ်တွေ၊အလံတွေ ထားသွား၊ဆင်သွားလဲ မသိပါဘူး။သေချာပေါက်ပြောနိုင်တာကတော့ အစ္စလမ်အထိမ်းအမှတ်အလံတွေ၊ဦးထုပ်တွေ ထားသွားတာက ကိုမိုးထက်မြင့်မဟုတ်ဘူးဆိုတာပါပဲ၊

နန်းထိမ်းအဖွဲ့က တာဝန်ရှိသူတယောက်နဲ့လည်း ဖုန်းပြောဖြစ်ပါတယ်၊သူတို့လည်း အဲဒီအလံတွေ ဘယ်သူထားသွားလဲဆိုတာကို မသိတဲ့သဘောပါပဲ၊နောက်တချက်က အချိန်ကွာဟမှုပါ၊မူလဗွီဒီယိုဖိုင်က ၂၀၁၇ ဧပြီလက တင်ထားတာပါ၊အဲဒီထဲမှာ အလံရှိပါတယ်၊ကိုမိုးထက်မြင့်တို့သွားတဲ့ မေလ ၂၅ရက်ကလည်း အလံရှိပါတယ်၊ဘုန်းဘုန်းဦး Kaweinda သွားခဲ့တဲ့ ဇူလိုင်၎ရက်နေ့တုန်းကတော့ အဲဒါတွေ မရှိတော့ပါဘူး။တကယ်လို့ ရှေးယခင်ကတည်းက အစဉ်အဆက်ရှိခဲ့တာဆိုရင် အခုလို လွယ်လွယ်ကူကူနဲ့ ဖယ်ရှားဖို့ ရမယ်မဟုတ်ဘူးလို့ ကျွန်တော်ကတော့ လူပြိန်းတယောက်ပီပီ ကောက်ချက်ချပါတယ်၊မဟုတ်ဘူးလို့ ငြင်းချင်သူများ ကျွန်တော့်ဖုန်း 09792276253/09952276253ကို အချိန်မရွေးဖုန်းဆက်ပြီးတောင်ပြုံးကို တူတူသွားရောက် လေ့လာနိုင်ပါတယ်၊ပိုက်ဆံကြေးလောင်းချင်ရင်လည်း သူဌေးမဟုတ်လို့ အများကြီးမရှိပါဘူး။သိန်းနှစ်ဆယ်လောက်တော့ ကျွန်တော်စီးနေတဲ့ ဆိုင်ကယ်တွေကိုရောင်းပြီး လောင်းနိုင်ပါတယ်၊အချိန်မရွေးပါ။

ကျွန်တော် အဓိက ပြောနေတာက မင်းကြီး၊မင်းလေးသည် အစ္စလမ်ဘာသာဝင်ဟုတ်မဟုတ် ကျွန်တော် မသိပါ၊ကျွန်တော်သေချာပေါက်ပြောနို်င်တာက ကျွန်တော် သတင်းထောက်စလုပ်ခဲ့တာ ၂၀၁၀ကပါ။အဲဒီကတည်းက တောင်ပြုံးပွဲဆို ရောက်ပါတယ်၊မနှစ်ကထိ နှစ်စဉ်နီးပါးရောက်ပါတယ်၊ကျွန်တော်ရောက်တိုင်း အဲဒီဂူတွေထဲ ဝင်ကြည့်ဖြစ်ပါတယ်၊ပွဲတော်ရက်မှာ အဲဒါတွေကလည်း ဖွင့်ထားပါတယ်၊အဲဒီအစ္စလမ် အလံတွေ၊အထိမ်းအမှတ်တွေ မတွေ့ရပါ။အခုမှ အဲဒါတွေ ရှိတယ်ဆိုလို့ ဒါမဖြစ်နိုင်ဘူးလို့တွေးမိတယ်၊မနေ့တနေ့ကမှ ကိုယ်တိုင်သွားခဲ့တဲ့၊အပိုအလိုလည်း မရေးတဲ့ ဆရာတော်ကလည်း သူ့ဝေါမှာ တင်ထားလို့ ဒါကို ငြင်းနေ၊ပြောနေရတာပဲဖြစ်ပါတယ်၊ဒီအစ္စလမ်အသုံးအဆောင်တွေဟာ တောင်ပြုံးမင်းညီနောင်နှစ်ပါးဂူမှာ ရှေးကတည်းက အစဉ်အဆက်ရှိခဲ့တယ်၊မရှိခဲ့ဘူးဆိုတာကိုပဲ အဓိက ပြောနေတာဖြစ်ပါတယ်၊

ကိုမိုးထက်မြင့်နဲ့ မူလအစက ယနေ့တောင်ပြုံးကိုသွားဖို့ နှစ်ဦးသားသဘောတူထားပေမယ့် မနေ့က ကျွန်တော်တင်လိုက်တဲ့ ပို့စ်ကလည်းအနဲငယ်ပေါက်သွားတာရယ်ကြောင့် တခြားသော မလိုလားအပ်တဲ့ ပြသနာတွေရယ်၊သူ့လုံခြုံရေးကိုလည်း ကျွန်တော်အာမမခံနိုင်တာရယ်ကြောင့် ဒီနေ့ နှစ်ဦးသဘောတူဆုံးဖြတ်ပြီး တောင်ပြုံးကိုမသွားဖြစ်တော့ပါဘူး။အမြင်တူတဲ့ မိတ်ဆွေတွေရော၊အမြင်မတူတဲ့ မိတ်ဆွေတွေရော အားလုံးကို ကျေးဇူးပါ။မတူတဲ့ အမြင်တွေကို ယဉ်ကျေးစွာဆွေးနွေးရှင်းပြတဲ့ ကိုမိုးထက်မြင့်ကိုလည်း ကျေးဇူးတင်ပါတယ်၊ မလိုလားအပ်တဲ့ ပြသနာတွေ ထပ်မဖြစ်ဖို့ကတော့ တောင်ပြုံးနတ်ထိန်းအဖွဲ့ သော့ကို ဘယ်လိုထိန်းသိမ်းလဲ၊မထိန်းသိမ်းလဲဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်" ဆိုပြီး ပြန်လည်ပြောကြားထားပါတယ်။

အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ လူမှုကွန်ရက်မှာတော့ အတော်လေး ပြောဆိုနေကြပါတယ်။

Source: Min Min Soe

 


06 Jul 2017     1,956 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS