BEC-TERO TV

ခြေတံရှည်လေးကြောင့် စာရင်းကိုင်စာမေးပွဲ အောင်မြင်ခဲ့သူ

06 Jul 2017     1,551 Views


တရုပ်နိုင်ငံက ကျောင်းသူလေးတစ်ဦးက သူမရဲ့ ခြေတံရှည်လေးကို အသုံးချပြီး စာမေးပွဲအောင်မြင်ခဲ့ပုံကို အွန်လိုင်းမှာ ဓါတ်ပုံတင်ခဲ့ပြီးနောက် အဆိုပါ ဓါတ်ပုံဟာ ပေါ်ပြူလာဖြစ်သွားခဲ့ပါတယ်။

ပုံထဲမှာ မျက်နှာကို ဖုံးကွယ်ထားတာကြောင့် သူမ ဘယ်သူလဲဆိုတာ အတိအကျမပြောနိုင်ခဲ့ပါဘူး၊ သူမရဲ့ သွယ်လျတဲ့ပေါင်တံပေါ်မှာတော့ စာခိုးချဖို့ မှင်နဲ့ရေးသားထားတာတွေကို တွေ့ရပါတယ်။ ရေးထားတဲ့ စာတွေအရ စာရင်းအင်းဘာသာရပ်ဖြစ်တယ်လို့ အီန်လိုင်းသုံးသူတွေက မှတ်ချက်ချပါတယ်။


စာခိုးချတဲ့ အလေ့အထဟာ တရုပ်နိုင်ငံအတွက် အထူးအဆန်းမဟုတ်တော့ပေမယ့် အခုလို ကိုယ့်ရဲ့အားသာချက် ဖြစ်တဲ့ ပေါင်တံရှည်ကို စာခိုးချတဲ့နေရာမှာ အသုံးချလိုက်ပြီး အွန်လိုင်းပေါ်မှာ ပြန်ချပြလိုက်တာမို့ ပေါ်ပြူလာဖြစ်ခဲရတာဖြစ်ပါတယ်။

စာဖတ်သူတွေရော ကျောင်းသားဘဝတုန်းက စာခိုးချခဲ့ဖူးလား..? ဘယ်လို ကြံစည်ခဲ့ရလဲဆိုတာ ဝေမျှခဲ့ပါဦး..။
 


06 Jul 2017     1,551 Views




RELATED

Most Popular of Special or Others

Most Popular of NEWS