BEC-TERO TV

အိမ်ထောင်ပြုချင်စိတ် ကုန်သွားပြီဆိုတဲ့ ဂန္တဝင်

06 Jul 2017     1,378 Views


သရုပ်ဆောင် ဂန္တ၀င်ဟာ ဒါရိုက်တာ ကိုပီတာ ရဲ့ စင်တင်သရုပ်ဆောင်လဲ ဖြစ်တဲ့ အပြင် ရှေ့မီနောက်မီ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူမ မပါတဲ့ ကားမရှိသလောက် အရိုက်များခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ် ။ ဗီဒီယို ရုပ်ရှင်တွေ ရိုက်ကူးနေရင်း ပရိတ်သတ်နဲ့တွေ့လိုက် ပျောက်သွားလိုက်နဲ့ ဖြစ်နေရင်း အိမ်ထောင်ပြုသွားခဲ့ ပါတယ် ။ ဒါပေမယ့် ဂန္တ၀င် ရဲ့ အိမ်ထောင်ရေးဟာ ကာလတိုအချိန်လေးမှာပဲ ပျက်စီးသွားခဲ့ ပါတယ် ။ သူမရဲ့ အမျိုးသားဟာ အသက်အများကြီးငယ်တဲ့ ကောင်မလေးနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ကောလဟာလ ဒဏ်ကို လဲ တော်တော်ခံခဲ့ ရပါတယ် ။ ဒါပေမယ့် သူမ က စိတ်ဓာတ်မကျခဲ့ ပဲ ဘ၀မှာကြီးမားတဲ့ နောင်တ ရခဲ့ ပြီး သီလရှင်လဲဝတ်ခဲ့ ပါတယ် ။ “၂၀၁၅ သြဂုတ်လမှာ သီလရှင်တစ်လ ၀တ်ခဲ့ ပါတယ်။ မှော်ဘီ အောင်ဇမ္ဗ္ဗူကျောင်းတိုက်က ဆရာတော် သာသနာပြုတဲ့ ဒေသတွေကိုလည်းလိုက်ပြီး ကုသိုလ်ယူဖြစ်တယ် ။ ဘ၀မှာဒီလို အမှားမျိုးကြုံရမယ်လို့ မထင်ခဲ့ ဘူး လူ့ဘ၀ဆိုတာ ဘာကိုမှကြိုမမြင်နိုင်ဘူးလေ ။ ဒါကြောင့် ဒီအဖြစ်အပျက်အပေါ် သင်ခန်းစာယူရင်း အခုတော့ တော်တော်လဲ စိတ်တည်ငြိမ်နေပါပြီ” လို့ ပြောထားပါတယ် ။

အိမ်ထောင်ပြုဖို့တော့ အရမ်းကြောက်သွားပြီ ချစ်သူထားမထား ဆိုတာကိုတော့ ပြောလို့ မရသေးပါဘူး ။ အခုတာ့ လူ့ဘ၀မှာကောင်းတာတွေရော ဆိုးတာတွေပါ ရင်ဆိုင်တွေ့ကြုံခဲ့ ဖူးပြီးဆိုတော့ ရင့် ကျက်သင့်သလောက်လည်း ရင်ကျက်နေပါပြီ ။ ဒီတော့ အချစ်ဆိုတာမျိုး အိမ်ထောင်ပြူဖို့ဆိုတာမျိုး တွေလည်း စိတ်ထဲသိပ်မရှိတော့ဘူး ။ ဒါပေမယ့် လူဆိုတာလည်း နှလုံးသားနဲ့ဆိုတော့ ဘယ်အရာကိုမှ ကြို ပြောလို့တော့ မရပါဘူး ။စိတ်ထဲမှာ တော့ အိမ်ထောင်ပြုချင်စိတ် လုံးဝမရှိတာတော့ သေချာသလောက်ဖြစ်သွားခဲ့ ပါပြီ” လို့ သူမရဲ့ အချစ်ရေးအိမ်ထောင်ရေးတွေကို ပြော့ပြသွားခဲ့ ပါတယ်။ 

Credit:morning post


06 Jul 2017     1,378 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment