BEC-TERO TV

လေယာဉ်အထူးတန်းကစီးလာတဲ့ တရုပ်နတ်ဘုရား ၃ ပါး

06 Jul 2017     1,464 Views


တရုပ်နိုင်ငံကနေ မလေးရှားနိုင်ငံကို ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာ ထူးထူးဆန်းဆန်း ခရီးသည် ၃ ဦးအထူးတန်းကနေ စီးနင်းလိုက်ပါလာပါတယ်။ ရေငန်ကိုပိုင်စိုးတဲ့ တရုပ်နတ်သမီး Mazu နဲ့ သူမရဲ့ အစောင့်အရှောက် နတ်နှစ်ပါးပဲဖြစ်ပါတယ်။


သင်္ဘောသားတွေနဲ့ တံငါသည်တွေကို စောင့်ရှောက်တယ်လို့ အယူအဆရှိတဲ့ နတ်ရုပ် ၃ ရုပ်ဟာ အခြားခရီးသည်တွေနဲ့အတူ လက်မှတ်ခ တစ်ယောက်စာ ကျပ်ခြောက်သိန်းကျော် ပေးရတဲ့ အဆင့်မြင့်အထူးတန်း Business Class ကနေ လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ တရုပ်-မလေးရှား ယဉ်ကျေးမှုဖလှယ်ပွဲအတွက် လေယာဉ်စီးလာတဲ့ နတ်ရုပ်တွေဟာ နိုင်ငံကူးလက်မှတ် ကိုယ်စီကိုင်ဆောင်ထားကြတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။


အခြားခရီးသည်တွေက အထူးတန်းမှာ လိုက်ပါလာတဲ့ နတ်ရုပ်တွေကြောင့် အထူးအဆန်းဖြစ်နေကြပေမယ့် ခရီးလမ်းတစ်လျှောက် ဘေးရန်ကင်းရှင်းတယ်လို့တော့ ခံစားရစေမှာ အမှန်ပဲဖြစ်ပါတယ်။
 


06 Jul 2017     1,464 Views




RELATED

Most Popular of Special or Others

Most Popular of NEWS