BEC-TERO TV

ကျွမ်းဘားပြိုင်ပွဲမှာ ရွှေတံဆိပ် ၆ ခု ဆွတ်ခူးခဲ့တဲ့ ၇ နှစ်အရွယ် ကာယဗလမောင်

06 Jul 2017     1,493 Views


တရုပ်နိုငံ ဟန်ကျိုးမြို့က အသက် ၇ နှစ်အရွယ် ချန်းရီ ဆိုတဲ့ကလေးငယ်တစ်ဦးဟာ အရွယ်နဲ့မလိုက်အောင် တောင့်တင်းကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ တရုပ်ကလေးငယ်တွေအတွက်တော့ သူဟာ စံပြကလေးတစ်ယောက်ဖြစ်လို့နေပါတယ်။


သူဟာ ဟန်ကျိုး ကျွမ်းဘာပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၆ ခုနှင့် ငွေတံဆိပ် ၁ ခုဆွတ်ခူးထားနိုင်ခဲ့ပြီး အိုလံပစ်လက်ရွေးစဉ်တစ်ယောက် ဖြစ်လာဖို့ အလားအလာရှိနေတဲ့ ကလေးတစ်ဦးဖြစ်ပါတယ်။ သူဟာ ၂ နှစ်သားအရွယ်လောက်ထဲက လက်တစ်ဖက်ထဲထောက်ပြီး ကိုယ်ကိုလေထဲမှာ မြှောက်ထားနိုင်သူဖြစ်တယ်လို့ ချန်း၏ မိခင်ဖြစ်က ဆိုပါတယ်။


အသက် ၅ နှစ်သားအရွယ်ထဲက ကိုယ်ခန္ဓာကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို မပြတ်လုပ်ခဲ့ပြီး နောက်ထပ် ၂ နှစ်အကြာမှာတော့ တောင့်တင်းခိုင်မာတဲ့ ကလေးတစ်ဦးဖြစ်လာပါတယ်။ လက်ရှိမှာ ကာယလေ့ကျင့်ရေးသင်တန်းတစ်ခုက ချန်းကို နည်းပြဆရာတစ်ဦးအဖြစ် ခန့်အပ်ထားပါတယ်။

ချန်းရီရဲ့ ကြံခိုင်မှုနဲ့ ကျွမ်းဘားစွမ်းရည်ကိုတော့ ဗီဒီယိုတွင် ဆက်လက်ကြည့်ရှုပါ။

 




 


06 Jul 2017     1,493 Views




RELATED

Most Popular of Special or Others

Most Popular of NEWS