BEC-TERO TV

အားလုံးအဆင်ပြေသွားလို့ ကဗျာစာအုပ်ပြန်ထွက်မယ့် ပိုပို

06 Jul 2017     1,265 Views


မကြာခင် တစ်ကိုယ်တော်အခွေ Masterpiece ထါက်ရှိတော့ မယ့် အဆိုတာ် ပိုပိုဟာ အခွေမှာ ကိုယ်တိုင်ရေးထားပြီး သီချင်းခြောက်ပုဒ်ပါထားပြီး featuring အနေနဲ့ Rဇာနည် ၊ ဟဲလေး ၊ ရွှေထူး ၊နီနီခင်ဇော် ၊ငဲငယ် တို့ပါဝင်ပါတယ်လို့ ပြောထားပါတယ်။ Title ကတော့ နာမည် သက်သက်ဖြစ်ပြီး သီချင်းအနေနဲ့တော့ မပါဝင်ပါဘူးလို့ လဲ ပြောထားပါတယ် ။

မကြာသေးခင်က ပြဿနာ အနည်းငယ်တက်ပြီး မထုတ်ဖြစ်လိုက်တဲ့ ကဗျာစာအုပ်ကိုလဲ ပြန်လည်ထုတ်ဝေမယ်လို့ လဲ ပြောထားပါတယ် ။ ကောင်းကင်ကဗျာ ဆိုတဲ့ ကဗျာစာအုပ်ကို ၇လပိုင်း ၇ ရက်နေ့မှာထွက်ရှိမှာလဲ ဖြစ်ပါတယ် ။ ကဗျာစာအုပ်နဲ့ ပတ်သတ်ပြီး ဖြစ်ခဲ့တဲ့ ပြဿနာတွေက နားလည်မှုမှားတာပါ ။ အမှာစာဖြစ်တဲ့ ကိစ္စလေးနဲ့ စပြီး ဖြစ်တာဆိုတော့ အခုတော့ အဆင်ပြေသွားပါပြီ ။ ကဗျာကို ချစ်တဲ့ စိတ်နဲ့ ဖြစ်သွားတဲ့ အမှားလေးပါ ။ အချိန်တန်တော လည်း အားလုံး အဆင်ပြေသွားပါတယ် ။ အစက ကဗျာလောကထဲကို နားမလည်ဘူး မသိခဲ့ဘူး အခုတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အတွေ့အကြုံရသွားပါတယ် ။ကဗျာစာအုပ်ကိုလဲ တစ်အုပ် သုံးထောင်ကျပ်နှုန်းနဲ့ ရောင်းချပေးမှာ ပါ လို့ လဲ ပြောသွားခဲ့ ပါတယ် ။


 

Credit:Oasis


06 Jul 2017     1,265 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment