BEC-TERO TV

စိတ်ဖိစီးတဲ့အခါပေါက်ကွဲတက်ပေမယ့် မိုင်းကွန်ထရိုးပြန်လုပ်တက်တဲ့ ကစ်ကစ်

06 Jul 2017     1,246 Views


ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ်အောင်မြင်ဖို့ မလွယ်ကူသလို အောင်မြင်မှုကိုလဲ ထိန်းသိမ်းရခက်ပါတယ် ။ လူအများကြီး အချစ်ခံရတဲ့ ဘ၀က ဘာနဲ့မှမတူပဲ ပီတိဖြစ်ရပါတယ် အရမ်းလဲ ပျော်ရပါတယ် ပရိတ်သတ်တွေက ကိုယ့်ကိုချစ်တယ်ပြောတိုင်း ကျေနပ်မိတယ် လို့ လဲ ကစ်က ပြောထားပါတယ် ။

အောင်မြင်မှု အကြီးကြီးတွေကတခါတလေ မလွယ်ပါဘူး ဘာလုပ်ရမှန်းမသိအောင် stress တွေများတက်တယ်ဆိုပေမယ့် အကောင်းဆုံးဖြစ်အောင်ဘယ်လိုဖြေရှင်းမလဲ ဆိုတာ စဉ်းစားဆုံးဖြတ်တယ် စိတ်ဖိစီးမှုတွေက လူကို ရင့်ကျက်စေပါတယ်လို့ လဲ ပြောထားပါတယ် ။

ဘေးပတ်ဝန်းကျင်တွေက ကိုယ့် ကိုဆုံးမပါတယ် အတုယူစရာရှိလည်းယူ ပါတယ် ။ အကြပ်အတည်းတွေ ကြုံတဲ့အခါလည်း ကိုယ့်ဘာသာ ကိုယ်ဖြေရှင်းတက်တဲ့ ကစ်ကစ်ဟာ အခက်အခဲတွေကို ရိုးရိုးလေးပဲ ဖြတ်ကျော်လေ့ ရှိပါတယ် ။

“စိတ်ဖိစီးရင် လျှောက်တွေးတာများတယ် ။ ဖြစ်တဲ့အကြောင်းအရာကို စဉ်းစားတယ် ။ စဉ်းစားပြီးမှ ဆုံးဖြတ်တာများတယ် ။ဘယ်လိုလေးနေလိုက်မလဲဆိုပြီးကိုယ့်စိတ်ကို ဖြေတယ် ။ ဒါမှမဟုတ်လည်း စိတ်သက်သာမယ့် အလုပ်တစ်ခုပေါ့ ။ ရုပ်ရှင်ကြည့်တာပဲ ဖြစ်ဖြစ်တစ်ယောက်ယောက်ကို ရင်ဖွင့်တာပဲ ဖြစ်ဖြစ် မိတ်ဆွေတွေရဲ့ အကြံဥာဏ်တွေကို နားထောင်နေလိုက်တယ် ။

စာဖတ်ရုပ်ရှင်ကြည့်ရင်း ပျော်ရွှင်ဖွယ်သီချင်းတွေနားထောင်ခြင်းက လည်း ကိုယ့် စိတ်ကိုအနားပေးခြင်း တစ်မျိုးပါလို့ ပြောထားပါတယ်။ သရုပ်ဆောင်တဲ့ အခါ စကားလုံးတွေကို ပီပီသသပြောတက်လာတဲ့ အကျင့်ကလဲ လူတွေနဲ့ ဆက်ဆံရတာများလာကြောင့် လို့ လဲ ပြောထားပါတယ် ။

အလုပ်ဖိစီးမှုတွေကို ပေါက်ကွဲစေတက်ပေမယ့် ကိုယ့်ဘာသာပြန်ပြီး မိုင်းကွန်ထရိုး လုပ်တယ်လို့ ပြောသွားခဲ့ ပါတယ် ။

Credit: Oasis

.


06 Jul 2017     1,246 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment