BEC-TERO TV

အရုပ်မမျက်လုံးကို အားကျလို့ ကိုယ့်မျက်လုံးထဲ ကိုယ်ထိုးထည့်ခဲ့တဲ့ ကလေးမလေးရဲ့ အဖြစ်ဆိုး

07 Jul 2017     2,094 Views


ကလေးလေးတွေဟာ သူတို့ရဲ့ ချစ်စရာ ကစားစရာ အရုပ်လေးကိုကြည့်ပြီး စိတ်ကူးယဉ်တတ်ကြတာ သဘာဝပဲဖြစ်ပါတယ်။ ယောက်ျားလေးတွေက စပိုက်ဒါမန်း၊ စူပါမန်း စသဖြင့် စိတ်ကူးယဉ်တတ်ကြသလို မိန်းကလေးတွေအတွက်တော့ ဘာဘီအရုပ်မလေးတွဟာ သူတို့ စိတ်ကူးယဉ်လို့မဆုံး အားကျလို့ မဆုံးတဲ့ အရုပ်လေးတွေဖြစ်ပါတယ်။
 
သူတို့ကိုယ်သူတို့ ဘာဘီလေးနဲ့တူအောင် ဘယ်လို ဝတ်စားပြင်ဆင်ရမလဲဆိုတာ အမြဲစူးစမ်းနေတတ်ပါတယ်။ အဲဒီအထဲမှာ ဘရာဇီးနိုင်ငံက ကလေးမလေးလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

သူကတော့ ဘာဘီရဲ့ မျက်လုံးလေးတွေကို သဘောကျနေသူပါ။ သူမရဲ့ မျက်လုံးတွေကို အရုပ်မရဲ့ မျက်လုံးတူအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေပြီးမှ ကလေးအတွေးနဲ့ အရုပ်မရဲ့ ပလတ်စတစ် မျက်လုံးကို ဖြုတ်ပြီး သူမရဲ့ မျက်လုံးထဲ ထိုးထည့်ခဲ့ပါတယ်။

 
မျက်လုံးလှလှလေး သူ့မျက်လုံးထဲမှာ တပ်ပြီးသွားပေမယ့် နာကျင်လွန်းတာကြောင့် ပြန်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ အရုပ်ရဲ့မျက်လုံးဟာ သူမရဲ့မျက်ခွံထက် ကြီးနေတာကြောင့် ပြန်ထုတ်လို့မရပဲ နာကျင်စွာနဲ့ အော်ဟစ်ကြောက်လန့်နေတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။

 
ကလေးမလေးရဲ့ မိခင်ဖြစ်သူက သူမရဲ့ သမီးလိုအဖြစ်မျိုးမကြုံရအောင် ကလေးတွေ သတိပြုဆင်ခြင်နိုင်အောင် ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ ဝေမျှခဲ့ပါတယ်။ ကလေးရှိတဲ့မိဘများအနေနဲ့ ပြန်လည်ဝေမျှပေးရင်း ကလေးတွေ အန္တရာယ်မရှိအောင် ကူညီလိုက်ပါဦးနော်..။



 


07 Jul 2017     2,094 Views




RELATED

Most Popular of Special or Others

Most Popular of NEWS