BEC-TERO TV

နှလုံးစက်ထည့်လိုက်ရတဲ့ အဖြစ်တွေအထိ အစအနောက်သန်ခဲ့တဲ့ ပြေတီဦး

07 Jul 2017     1,421 Views


အစအနောက်သန်သူ တစ်ဦးဖြစ်ပြီးအကျင့်ကို ဖျောက်ဖျက်ရန်ခက်ခဲကြောင်းနှင့် ရှုတင်တွေမှာလဲ စနောက်မှု ကြောင့် ငိုပွဲဆင်ရသော လုပ်ဖော် ကိုင်ဖက်များရှိသလို မင်းသမီး ကြီး ဒေါ်လှလှမိုးလည်း နှလုံးစက်ပါ ထည့် ရသည်အထိ ပြင်းထန်ခဲ့ ကြောင်း ပြောထားပါတယ် ။

‘‘စတဲ့နောက်တဲ့နေရာမှာ တော့ နာမည်ကြီးပဲ။ မနေ့က တောင် သွန်းဆက်ငိုသွားသေး တယ်။ မနည်းပြန်ချော့ထားရ တယ်။ ဒေါ်လှလှမိုးတုန်းကဆို အဲ ဒီအခန်းဖြတ်ဆိုတာလေ ကိုဝိုင်း ရိုက်ပြီးတဲ့အချိန်ပေါ့။ အရမ်း လည်းပေါက်တော့ ရိုက်ထားတဲ့ သရုပ်ဆောင်တွေကလည်း ရိုက် သာရိုက်ထားတယ်။ ဘယ်အချိန် များ ပြဿနာတက်မလဲပေါ့။ ကျွန်တော်က ဒေါ်လှလှမိုးကို ထောက်လှမ်းရေးက ဗိုလ်မှူးပါ။ အထုပ်အပိုးပြင်ထားပါ၊ ညနေ လာခေါ်မယ်ဆိုပြီး ဖုန်းဆက်ပြီး စလိုက်တာ သူကလည်း ကြောက် နေတဲ့အချိန် ကျွန်တော့်အသံကို မမှတ်မိဘဲ ကြောက်လန့်ပြီး နှလုံး ဖောက်သွားတာ။ အဲဒါနဲ့ နှလုံး စက်ထည့်လိုက်ရတယ်။ နောက် ဦးဇော်ဝင်းနိုင်ဆိုရင်လည်း ခင် ဗျားကို ကျွန်တော်ရှုတင်မှာ လာ ဖမ်းရမလား၊ အိမ်မှာလာဖမ်းရ မလားဆိုပြီး ပြောလိုက်တော့ ကားရိုက်လို့မရဘူး။ အင်္ကျီကြီး ချွတ်ပြီး ရှုတင်မှာပတ်ပြေးနေတာ။ အဲဒီလိုမျိုးတွေ အများကြီးပဲ။ ကစ်ကစ်(၀တ်မှုံရွှေရည်)၊ ဖွေး ဖွေး၊ ချစ်သုဝေ ကျွန်တော့်ဒဏ် အခံရဆုံးတွေပေါ့။ ကစ်ကစ်ဆို ရှုတင်မှာစတာ ထိုင်ငိုတာ ရှုတင် နေ့တစ်ဝက် ဖြတ်ထားလိုက်ရ တယ်’’ဟုဆိုသည်။

လတ်တလောတွင် ဒါရိုက် တာ ပြည်ဟိန်းသီဟရိုက်ကူးသည့် ‘ကျူးကျူးကျော်ကျော်’ ဇာတ် ကားကြီးကို နေဒွေး၊ အိချောပို၊ သွန်းဆက်တို့အပါအ၀င် ဟာသ သရုပ်ဆောင်များစွာနှင့် ရိုက်ကူး နေပြီး အဆိုပါဇာတ်ကားအပြီး တွင် ရိုက်ကူးမည့်ကားသည် ၎င်း ၏ ၀ါသနာဖြစ်သည့် တင်းနစ်ရိုက် ကူးခြင်းနှင့် ဆက်စပ်နေကြောင်း ပြေတီဦးက ပြောသည်။

‘‘အောင်တိုင်းကျော်တိုက်က ရိုက်မှာပေါ့။ ဒါရိုက်တာက ကျော် ဇောလင်း၊ မင်းမော်ကွန်း၊ ကျော် ကျော်ဗို၊ ရဲလေး၊ မင်းသမီးက ၀တ်မှုံရွှေရည်ပေါ့။ အဲဒီထဲမှာ ကျွန်တော်ဝါသနာပါတဲ့ တင်းနစ် နဲ့ပတ်သက်ပြီး တင်းနစ်ထရိန်နာ တစ်ယောက်အနေနဲ့ရိုက်ရမယ်။ အားကစားကားတွေ အရမ်းရိုက် ချင်တယ်။ အားကစားကားတွေ ကလည်း ရိုက်မယ်ဆိုရင် ပရိ သတ်ရင်ကို အရမ်းထိတယ်’’ဟု ဆိုသည်။

လက်ရှိတွင် အနုပညာသက် တမ်း နှစ် ၂၀ ခန့်ရှိပြီဖြစ်သည့် ပြေတီဦးသည် ဗီဒီယိုကားများနှင့် ရုပ်ရှင်ဇာတ်ကားကြီးများ ဆက် တိုက်ရိုက်ကူးရန်ရှိပြီး ‘ရာဇ၀င် ရိုင်းသူများ’၊‘ရင်ဘတ်ထဲကဓား’၊ ‘ငါက ဗိုလ်အောင်ဒင်’နှင့်‘နစ်ကီ အိမ်ကိုပါလာသည်’ ဇာတ်ကား များ မကြာမီ ရုံတင်ရန်ရှိကြောင်း ပြောသွားခဲ့ ပါတယ် ။

Credit:7days


07 Jul 2017     1,421 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment